Home
သတင်းဓာတ်ပုံ
သံလွင်မြစ်ပေါ်  ရေကာတာတည်ဆောက်မှု ဆန့်ကျင်ကန့်ကွက်လှုပ်ရှားမှုပြုလုပ် (ဓာတ်ပုံ) 
DVB
·
March 14, 2024
than 1432024
than 11 1432024
than 10 1432024
than 9 1432024
than 8 1432024
than 7 1432024
than 6 1432024
than 4 1432024
than 3 1432024
than 2 1432024
than 1 1432024

ကရင်ပြည်နယ်၊ ဘူးသိုမြို့နယ်၊ သံလွင်မြစ်ကမ်းဘေး တနေရာမှာ မြစ်တွေအပေါ် ဆည်တွေ တည်ဆောက်တာကို ကန့်ကွက်တာနဲ့ မြစ်တွေ လွတ်လပ်စွာစီးဆင်းစေဖို့ ဆုတောင်းတဲ့ လှုပ်ရှားမှုကို ဒီကနေ့ မတ် ၁၄ ရက် အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေးနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဆည်တွေ အလိုမရှိ “No Dam” စာလုံးပါတဲ့ ဝါးဖောင်ကို သံလွင်မြစ်အတွင်း မျှောချပြီး လွတ်လပ်စွာ စီးဆင်းစေဖို့နဲ့ သံလွင်မြစ်အတွင်း ဆည်တွေအလိုမရှိ ကြွေးကြော်သံတွေ၊ မိရိုးဖလာဖြစ်တဲ့ ရေနတ်ကို ပူဇော်တာနဲ့အတူ လှေပြိုင်ပွဲတွေလည်း ပြုလုပ်ခဲ့ပါတယ်။

KNU မူတြော်ခရိုင်၊ ဘူးသိုမြို့နယ် စည်းရုံးရေးနဲ့ သတင်းပြန်ကြားရေးဌာနမှူး စောလယ်ထူးက “သံလွင်မြစ်မှာ ရေကာတာဆောက်မှာကို မလိုလားကြတော့ တနှစ်ထက် တနှစ် ပါဝင်သူတွေ များလာတယ်။ သံလွင်မြစ်က ကျနော်တို့ရဲ့ အသက်မွေးဝမ်းကြောင်းပါပဲ။ လာပြီး နှောင့်ယှက်တာတွေ မလုပ်ပါနဲ့။ ရေကာတာတွေဆောက်ရင် ကျနော်တို့အတွက် ကောင်းကျိုးတွေမရှိဘူး၊ ဆိုးကျိုးတွေချည်းပဲ” လို့ ပြောပါတယ်။

ဆည်တွေ တည်ဆောက်မယ့်အစား ပတ်ဝန်းကျင်နဲ့ လူမှုဘဝအတွက် ထိခိုက်မှုနည်းတဲ့ အစိမ်းရောင် စွမ်းအင်စီမံကိန်း (ပြန်ပြည့်မြဲစွမ်းအင်စီမံကိန်း) တွေကို တွန်းအားပေး လုပ်ဆောင်ဖို့ ကရင်မြစ်ချောင်းများစောင့်ကြည့်ရေး အဖွဲ့ကလည်း သဘောထား ထုတ်ပြန်ထားပါတယ်။

အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းထိန်းသိမ်းရေးနှင့် ရေကာတာ ဆန့်ကျင်ရေးနေ့ကို စစ်တပ် အာဏာမသိမ်းခင်က မြန်မာပြည်အနှံ့မှာ ကျင်းပနိုင်ခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ နေရာတချို့မှာသာ ပြုလုပ်နိုင်တော့တယ်လို့ ဆိုပါတယ်။

ဒီနေ့လှုပ်ရှားမှုကိုတော့ ကရင်မြစ်ချောင်းစောင့်ကြည့်ရေးအဖွဲ့၊ ကရင် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ မူတြော်ခရိုင် ဘူးသိုမြို့နယ်က ဒေသခံတွေ ပူးပေါင်းပြီး လူအင်အား ၁,၀၀၀ ကျော်နဲ့ ပြုလုပ်ခဲ့ကြပါတယ်။

သံလွင်မြစ်ပေါ်မှာ ဆည်ဆောက်ဖို့လုပ်တဲ့နေရာ ငါးနေရာရှိပြီး အဲ့ဒီနေရာတွေမှာ တိုက်ပွဲအခြေအနေတွေ မငြိမ်သက်တာကြောင့် အကောင်အထည်ဖော်တာတော့ မရှိသေးဘူးလို့ သိရပါတယ်။

မတ် ၁၃ ရက်ကလည်း ကျေးရွာတွေအတွင်းက ကလေးငယ်တွေကို ပန်းချီဆွဲပြိုင်ပွဲတွေ ပြုလုပ်ပေးတာနဲ့ မီးထွန်းဆုတောင်းတာတွေ အပါအဝင် ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပြုလုပ်ခဲ့ကြပါတယ်။

PHOTO-DVB

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013