Home
မြန်မာသတင်း
ယင်းမာပင်၌ စစ်တပ်လက်နက်ကြီးထိပြီး အမျိုးသမီးများအပါအဝင် ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ
DVB
·
March 14, 2024
yin 1432024

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်လှောင်ကျေးရွာမှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး အမျိုးသမီး သုံးဦးအပါအဝင် အရပ်သားပြည်သူလေးဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယင်းမာပင်မြို့ခံတွေဆီကနေ သိရပါတယ်။

မတ် ၁၃ ရက် ညနေ ၄ နာရီခွဲက ယင်းမာပင်မြို့နယ်၊ အောင်ဇေယျမြို့သစ် စစ်ကောင်စီ ဂိတ်စခန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီးက စည်လှောင်ကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ထိမှန်မှုကြောင့် စည်လှောင်ကျေးရွာမှာ နေထိုင်တဲ့ ဒေါ်ရွှေမှီ (၅၈ နှစ်)၊ ဒေါ်မြသန်း (၆၃ နှစ်)၊ ဒေါ်ဌေးမြင့် (၅၀ နှစ်)၊ ဦးဖိုးရှင် (၇၈ နှစ်)တို့ သေဆုံးခဲ့ပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့ခံတဦးက “တိုက်ပွဲမရှိဘူးဗျ၊ ဘာမှမရှိဘူး၊ ဒီအတိုင်း ဗလိုင်းကြီးထုတာ။ စည်လှောင်ထဲမှာ ၅ လုံးကျတာ၊ အောင်ဇေယျမြို့သစ် ငွေကမ္ဘာမင်းဆီဆိုင်ဘေး ဂိတ်ကနေ အနောက်ဘက် ထုတာဆိုတော့ ဆီလှောင်ရွာထဲ ကျတာပေါ့။ ခဏတိုင်း ၁၂၀ မမနဲ့ထုနေတာ” လို့ ပြောပါတယ်။

ယင်းမာပင်မြို့နယ်မှာ မတ် ၁၃ ရက် မနက်ပိုင်းကစပြီး အောင်ဇေယျမြို့သစ်ကတဆင့် ဘန့်ဘွေးကုန်း ပျူရွာဘက်ကို စစ်ကြောင်းထိုးနေတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013