Home
မြန်မာသတင်း
သင်္ကန်းညီနောင်တိုက်ပွဲတွင် အရပ်သား ၁၀ ဦး သေဆုံး၊ နေအိမ်  ၂၀ မီးလောင်ပျက်စီး
DVB
·
March 14, 2024
war 1432024

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး နေအိမ်အလုံး ၂၀ မီးလောင်ခဲ့တယ်လို့  ကရင်အမျိုးသားအစည်းအရုံး (KNU) က မတ် ၁၃ ရက်မှာ  ထုတ်ပြန်ပါတယ်။

သင်္ကန်းညီနောင်အခြေစိုက် ခမရ ၃၅၅ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မတ် ၇ ရက် မနက် ၁၀ နာရီကျော်လောက်က ဝင်ရောက်တိုက်ခိုက်ရာမှာ ည ၆ နာရီခွဲမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကလည်း  လေယာဉ်နဲ့ လက်နက်ကြီးပစ်ကူတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးမှုရှိခဲ့သလို KNLA ပူးပေါင်းတပ်ဖွဲ့ဝင်  ၆ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

စစ်ကောင်စီတပ်ဘက်ကလည်း ၁၉ ဦးသေဆုံးပြီး လက်နက်၊ခဲယမ်းနဲ့ စစ်သုံးကား အများအပြားကိုလည်း  သိမ်းဆည်းရမိခဲ့ပါတယ်။

KNU တပ်မဟာ ၆ နယ်မြေအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်စခန်းတွေနဲ့  မြို့သိမ်းတိုက်ပွဲတွေ  ဆက်လက်ဆင်နွဲနေတာပါ။

သင်္ကန်းညီနောင်တိုက်ပွဲတွေကြောင့် သင်္ကန်းညီနောင်မြို့၊ ရွာသစ်ကျေးရွာ၊ မဲကနယ်၊ ဖားကျောင်း၊ မြစန္ဒီနဲ့ အနီးနားကျေးရွာ‌တွေက ပြည်သူ ၅,၀၀၀ ကျော်  စစ်ဘေးတိမ်းရှောင်နေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013