Home
နိုင်ငံတကာ
ဉာဏ်ရည်တုဆိုင်ရာ စည်းမျဉ်းများ ကျင့်သုံးနိုင်ရန် EU ‌ထောက်ခံ
DVB
·
March 14, 2024
Illustration shows AI Artificial intelligence words, miniature of robot and EU flag

နေ့စဉ်လူနေမှုဘဝနဲ့ လုပ်ငန်းတွေကြား ကျယ်ကျယ်ပြန့်ပြန့် ပိုတိုးသုံးစွဲနေတဲ့ နည်းပညာအတွက် သဘောတူညီချက်ရဖို့ ဥရောပသမဂ္ဂ (EU) လွှတ်တော်အမတ်တွေက ထောက်ခံလိုက်လို့ ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုဆိုင်ရာ စည်းမျဉ်းတွေကို ကျင့်သုံးနိုင်ရေး ဥရောပက ပိုနီးကပ်သွားပါပြီ။

ဉာဏ်ရည်တုဆိုင်ရာ အက်ဥပဒေလို့ ခေါ်တဲ့ ဥပဒေဟာ အကြောင်းအရာအသစ်တွေ ထုတ်လုပ်ဖို့နဲ့ လုပ်ငန်းတာဝန်တွေ ဆောင်ရွက်ဖို့ ဒေတာအများအပြားကို လေ့ကျင့်သင်ကြားထားတဲ့ Microsoft ကျောထောက်နောက်ခံပြု OpenAI လို အခြေခံမော်ဒယ်တွေ ဒါမှမဟုတ် မျိုးဆက်သစ် AI တွေကို ထိန်းချုပ်သွားမှာပါ။

တချို့ရာဇဝတ်မှုတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေလို ခြိမ်းခြောက်မှုအစစ်တွေကို တားဆီးတာနဲ့ အဆိုးရွားဆုံး ရာဇဝတ်သားတွေလို့ သံသယရှိသူတွေကို အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ရှာရာမှာ အစိုးရတွေက အချိန်နဲ့တပြေးညီ ဇီဝမက်ထရစ် စောင့်ကြည့်ခြင်းလုပ်ငန်းရပ်ကို ကန့်သတ်နိုင်မှာ ဖြစ်ပါတယ်။

စည်းမျဉ်းတွေအရ တိကျပြီး ပွင့်လင်းမြင်သာတဲ့ တာဝန်တွေနဲ့ EU ရဲ့ မူပိုင်ခွင့်ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး သက်ရောက်မှုမြင့်မားတဲ့၊ ယေဘုယျရည်ရွယ်ချက် AI မော်ဒယ်တွေနဲ့ အန္တရာယ်မြင့်မားတဲ့ AI စနစ်တွေကို အကျုံးဝင်မှာ ဖြစ်ပါတယ်။

EU လွှတ်တော်အမတ် စုစုပေါင်း ၅၂၃ ဦးက သဘောတူညီချက်ကို ထောက်ခံမဲပေးခဲ့ပြီး ၄၆ ဦးက ကန့်ကွက်ခဲ့တာပါ။ ၄၉ ဦးကတော့ ကြားနေခဲ့ပါတယ်။

EU နိုင်ငံတွေဟာ ဒီသဘောတူညီချက်ကို မေလမှာ တရားဝင်လက်မှတ်ထိုးဖို့ စီစဉ်ထားပြီး ဒီဥပဒေဟာ လာမယ့်နှစ် အစောပိုင်းမှာ စတင်အသက်ဝင်မှာပါ။

ပြဋ္ဌာန်းချက်တချို့က အစောပိုင်းမှာ စမှာဖြစ်ပေမဲ့ ၂၀၂၆ ခုနှစ်မှာမှ ကျင့်သုံးမယ်လို့ မျှော်လင့်ရပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013