Home
မြန်မာသတင်း
တရုတ် - မြန်မာနယ်စပ် ချင်းရွှေဟော်ဂိတ်ကို ပြန်လည်ဖွင့်လှစ်
DVB
·
March 14, 2024
chin 1432024

၁၀၂၇ စစ်ဆင်ရေးကြောင့် ပိတ်ထားတဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လောက်ကိုင် မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ် ချင်းရွှေဟော်ဂိတ်ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ မတ် ၁၁ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။

နယ်စပ် ကုန်သည် လုပ်ငန်းရှင်တဦးက "ချင်း‌ရွှေဟော်ဂိတ်ကို MNDAA က သူတို့ဘာသာဖွင့်လိုက်တာ။ အစိုးရဌာန မရှိဘူး။ ကုန်သွယ်ရေးက မသေချာသေးဘူး။ စဉ့်အင်တံတားမှ မပြီးသေးတာ။ စဉ့်အင်တံတား မပြီးရင် ဘယ်ကနေ ဆင်းလာမလဲ ဟုတ်တယ်မလား" လို့ ပြောပါတယ်။

နှစ်နိုင်ငံ နယ်စပ် အသိအမှတ်ပြုထားတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ သက်တမ်းရှိသူတွေ ဝင်ထွက်လို့ရတယ်လို့ ဆိုပါတယ်။

တရုတ် - မြန်မာ နယ်စပ်၊ မူဆယ်ခရိုင်၊ ကြူကုတ်(ပန်ဆိုင်း) - ဝမ်တိန်ဂိတ်ကိုလည်း ဖွင့်ပြီလို့ သတင်းထွက်နေပေမယ့် တရုတ်ဘက် ဝမ်တိန်၊ ရွှေလီထဲ မြန်မာဘက်က စစ်ဘေးရှောင်တဲ့လူတွေ ပြန်လာမယ် ဆိုရင်တော့ ဖြတ်လို့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"(MNDAA) သူတို့ ဖွင့်လိုက်ပြီလို့တော့ကြားတယ်။ ဒါပေမယ့် အခုချိန်က ဘာမှ ဖြတ်လို့မရသေးဘူး။ အဲလို ကြားနေတယ်။ တရုတ်ဘက်ခြမ်းက စစ်ရှောင်တွေ ပြန်လာမယ်ဆိုရင်တော့ အဲဒီဂိတ်ကနေ ဖြတ်လာလို့ ရတယ်လို့ပြောတယ်။ ချင်းရွှေဟော်ဘက်တော့ ဖွင့်ပြီလို့ ကြားတယ်။ ဒီ ဝမ်တိန်တော့ အဲလို မဟုတ်သေးဘူး။"

မူဆယ် နယ်စပ်က ဌာနဆိုင်ရာနဲ့ နီးစပ်သူတဦးကတော့ လက်ရှိ တရားဝင် နယ်စပ်ကုန်သွယ်ရေးကို တရုတ်အစိုးရက ဘယ်အဖွဲ့အစည်းနဲ့မှ လုပ်မှာမဟုတ်ဘဲ အစိုးရအချင်းချင်းသာ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

တရုတ်နဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ်ဘက်တွေမှာတော့ တရုတ်လုပ်ငန်းရှင်တွေရဲ့ ကြံတွေကို မြန်မာ တောင်သူတွေ အများအပြား စိုက်ပျိုးထားတာကြောင့် တခြားတရားမဝင် နယ်စပ်ဂိတ်တွေကိုလည်း တရုတ်ဘက်က လက်ခံဖွင့်လှစ်ထားတဲ့ နယ်စပ်ဂိတ်တွေ တော်တော်များများရှိနေပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘ‌ေ ၂၇ ရက်ကစပြီး တိုက်ပွဲတွေကြောင့် ‌နယ်စပ်ကုန်သွယ်ရေးဂိတ်တွေအပြင် ကုန်သွယ်ရေးလမ်းကိုပါ ပိတ်ထားခဲ့ရတာပါ။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၈ ရက်က ချင်းရွှေဟော်မြို့ကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)က သိမ်းပိုက်ထိန်းချုပ်ခဲ့တာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013