ထိုင်းနိုင်ငံက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) အဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ ဂျာမနီက ထောက်ခံတယ်လို့ ဂျာမနီအဓိပတိ အိုလာ့ဖ် ရှို့လ်ဇ်က ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီးဆင်ကို မတ် ၁၃ ရက်မှာ ပြောလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆေထာနဲ့အတူ ရှို့လ်ဇ်က ဘာလင်မြို့တော်မှာ သတင်းထောက်တွေကို ခုလို ပြောခဲ့တာပါ။
မနှစ်က အစ္စရေးတောင်ပိုင်းမှာ ဟားမတ်စ်တို့က ဓားစာခံဖမ်းထားတာ ခံရတဲ့ သက်ဆိုင်ရာ နိုင်ငံသားတွေ လွတ်မြောက်ရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ရှို့လ်ဇ်က ပြောကြားခဲ့ပါတယ်။
Source/Photo-REUTERS/Annegret Hilse