Home
နိုင်ငံတကာ
မက်ဆီ၏ဇာတိမြို့၌ မူးယစ်ကုန်ကူးမှုနှင့် ရာဇဝတ်မှုများကြောင့် တပ်လှန့်ထားရ
DVB
·
March 14, 2024
Argentina_14032024

ကမ္ဘာကျော် ဘောလုံးသမား လီယိုနယ် မက်ဆီရဲ့ ဇာတိ အာဂျင်တီးနားနိုင်ငံ ရိုစာရီယိုမြို့မှာ မူးယစ်ကုန်ကူးမှုနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေကြောင့် အကြီးအကျယ် တပ်လှန့်ထားရပါတယ်။

လူ့အဖွဲ့အစည်းအတွင်း အကြောက်တရားနဲ့ ရက်စက်ရမ်းကားမှုတွေကြောင့် အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း တက္ကစီယာဉ်မောင်းတဦးနဲ့ ဓာတ်ငွေ့ဆိုင်ဝန်ထမ်းတဦး အပါအဝင် လူလေးဦး သေဆုံးတယ်လို့ စထရင်ဂါဟာ့ဘ် သတင်းဌာနက မတ် ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ထရန်ဗီယာရီယို့စ် အော်တိုမော်တာ ရိုစာရီယို သမဂ္ဂက ဘတ်စ်ကားမရှိဘဲ ၉၆ နာရီကြာ မြို့ပြသယ်ယူပို့ဆောင်ရေး ရပ်ထားမယ့် သပိတ်ကို သက်တမ်းတိုးခဲ့ပါတယ်။

ဝန်ဆောင်မှု ဝန်ထမ်းများ သမဂ္ဂကလည်း ဓာတ်ဆီဆိုင်တွေကို ညဘက်ပိတ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။

ကျန်းမာရေးကဏ္ဍက ဆေးရုံအစောင့်တွေကို ဆက်ထားမှာဖြစ်ပေမဲ့ သယ်ယူပို့ဆောင်ရေး မရှိလို့ ကျန်းမာရေးဌာနတွေကို ပိတ်ထားရပါတယ်။

ဓားစာခံတွေနဲ့ မိသားစုတွေနဲ့အတူ သွေးစည်းကြောင်း ပြတဲ့အနေနဲ့ ရိုစာရီယို ဆရာများသမဂ္ဂက ဒီတနင်္လာနေ့မှာ ပြည်သူပိုင်ကျောင်းတွေမှာ စာသင်ခန်းတွေကို ဆက်ပြီး ပိတ်ထားမယ်လို့ အတည်ပြုပါတယ်။

စည်ပင်ဝန်ထမ်းများ သမဂ္ဂကလည်း ဝန်ဆောင်မှုတွေကို ဆိုင်းငံ့ထားပါတယ်။

လုံခြုံရေးဝန်ကြီးနဲ့ စန်တာဖေး အုပ်ချုပ်ရေးမှူးတို့က မူးယစ်အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ အစိုးရက တည်ထောင်တဲ့ အကျပ်အတည်းကော်မတီရဲ့ အသေးစိတ်အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

ပြည်ထောင်စုတပ်မတော်ရဲ့ တပ်ဖွဲ့လေးဖွဲ့က တပ်ဖွဲ့ဝင်တွေ တနင်္လာနေ့ကစပြီး ရောက်လာလိမ့်မယ်လို့လည်း ပြောပါတယ်။

ရာဇဝတ်ဂိုဏ်းတွေက မူးယစ်ကုန်ကူးဖို့ နယ်မြေထိန်းချုပ်ရေး တိုက်ပွဲဝင်နေလို့ အာဂျင်တီးနားဟာ ၂၀၂၃ မှာ လူသတ်မှု အမြင့်ဆုံးနိုင်ငံတွေထဲက တနိုင်ငံ ဖြစ်လာပါတယ်။

ရိုစာရီယိုကတော့ ကမ္ဘာ့စိုက်ပျိုးရေးထွက်ကုန် ပြည်ပတင်ပို့မှု အကြီးဆုံး ဗဟိုချက်တွေထဲက တခုဖြစ်ပါတယ်။

အကြမ်းဖက်ဆန့်ကျင်ရေးဥပဒေကို သုံးဖို့ တရားရုံးတွေကို အစိုးရက တောင်းဆိုပြီး “ဂိုဏ်းဆန့်ကျင်ရေးဥပဒေ”ကို အောက်လွှတ်တော်ဆီ တင်သွင်းပြီး အသစ်ဖွဲ့စည်းထားတဲ့ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေကို ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခြင်း ပုံစံအသစ်ကို ပုံဖော်ပေးမယ်လို့ လုံခြုံရေးဝန်ကြီးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013