Home
နိုင်ငံတကာ
ယူကရိန်း လက်နက်ကိုင်အဖွဲ့များက ရုရှား နယ်စပ်ဖြတ်ကျော်ပြီး စီးနင်းတိုက်ခိုက်
DVB
·
March 13, 2024
A view of the street from the city administration building, which, according to local authorities, was damaged by a Ukrainian drone attack, in Belgorod

ယူကရိန်းအခြေစိုက် လက်နက်ကိုင်အုပ်စုတွေက နယ်စပ်ဖြတ်ကျော် စီးနင်းခဲ့တယ်လို့ ပြောအပြီး ရုရှားနိုင်ငံထဲက တပ်တွေက ယူကရိန်းရဲ့ ကျူးကျော်မှုကို မတ် ၁၂ ရက်မှာ ဟန့်တားခဲ့လို့ တိုက်ခိုက်သူတွေ အကြီးအကျယ် ဆုံးရှုံးခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

ယူကရိန်း အကြမ်းဖက်အုပ်စုတွေက တင့်ကားတွေ၊ သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တွေ အားကိုးနဲ့ ရုရှားနိုင်ငံ ဘယ်လ်ဂိုရော့ဒ်ဒေသထဲကို မော်စကိုစံတော်ချိန် မနက် ၃ နာရီမှာ ကျူးကျော်ဖို့ ကြိုးစားခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားနိုင်ငံ ခါ့စ်ခ်ဒေသထဲကို ယူကရိန်းအဖျက်သမားနဲ့ ကင်းထောက်အဖွဲ့တွေက နောက်ထပ် လေးကြိမ် တိုက်ခိုက်ခဲ့တာကိုလည်း ငါးနာရီကြာအပြီးမှာ တွန်းလှန်နိုင်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆက်ပြောပါတယ်။

စီးနင်းမှုတွေကို သူတို့လုပ်တာလို့ ယူကရိန်းအခြေစိုက် လက်နက်ကိုင်အုပ်စုတွေဖြစ်တဲ့ ရုရှားလွတ်မြောက်ရေး ကြေးစားစစ်တပ်နဲ့ ဆိုက်ဘေးရီးယန်း တပ်မဟာတို့က အခိုင်အမာ ပြောပါတယ်။

ဒီအဖွဲ့တွေဟာ ရုရှားသမ္မတကို ဆန့်ကျင်တဲ့ ရုရှားနိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတာလို့ ဆိုပါတယ်။ ဒီလုပ်ရပ်ကို ဘယ်သူလုပ်တာလဲ ဆိုတာနဲ့ လူဘယ်လောက် သေကျေ ဒဏ်ရာရခဲ့တယ်ဆိုတာ သီးခြား လွတ်လွတ်လပ်လပ် စစ်ဆေးအတည်ပြုတာ မလုပ်နိုင်သေးပါဘူး။

ရုရှားသမ္မတ ဗလာဒီမာပူတင်က နောက်ထပ် ၆ နှစ်သက်တမ်းအတွက် သမ္မတ ရွေးကောက်ပွဲကို မဲပေးဖို့ မစခင် ၃ ရက်အလိုမှာ ခုလိုဖြစ်ခဲ့တာပါ။

ရုရှားကတော့ လေကြောင်း၊ ဒုံးတပ်နဲ့ အမြောက်တပ်တွေကို သုံးပြီး တိုက်ခိုက်မှုကို တွန်းလှန်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013