ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးမှာ မတ် ၁၁ ရက်က နှင်းထုပြိုကျမှုကြောင့် နယူးဇီလန် ကျေးလက်ဒေသက နှင်းလျှောစီးသူ နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာက ဖော်ပြပါတယ်။
မီးသတ်သမားတွေဟာ ဂေါ့တ်ကျန်မြို့ဘက်ခြမ်းရှိ ယိုးတဲအိတောင်မှာ နှင်းထုပြိုကျလို့ လူခြောက်ဦး နစ်မြုပ်သွားကြောင်း တနင်္လာနေ့မနက်မှာ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့တယ်လို့ ဂျပန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြည်တွင်းမီဒီယာတွေမှာတော့ နှင်းလျှောစီးသူတွေဟာ နယူးဇီလန်မှဖြစ်ပြီး အဲဒီနေရာမှာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သတိလစ် မေ့မြောနေတာကြောင့် နယ်မြေခံဆေးရုံကို ပို့ဆောင်ခဲ့ပေမဲ့ သေဆုံးသွားကြောင်း အတည်ပြုခဲ့ပါတယ်။ တတိယလူတဦးကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။
ဒေသတွင်းသတင်းတွေအရ မတော်တဆ မဖြစ်ခင်မှာ နှင်းပြိုကျမှု သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Source/Photo-Reuters