Home
သတင်းဓာတ်ပုံ
ရိက္ခာပြတ်လပ်နေသည့် ဒီးမော့ဆို စစ်ရှောင်စခန်းကို ဆန်လှူဒါန်း (ဓာတ်ပုံ)
DVB
·
March 12, 2024
di 1232024
di 6 1232024
di 5 1232024
di 4 1232024
di 3 1232024
di 2 1232024
di 1 1232024

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုမှာ ရိက္ခာတွေ ပြတ်လပ်နေတာကြောင့် မတ်လ ၁၂ ရက်က ဆန်သွားလှူဒါန်းခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ ချယ်ရီလေးများရဲ့ အိမ်ပြန်ချိန်အဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

စစ်ရှောင်စခန်းမှာ အိမ်ခြေ ၃၀ နဲ့ လူဦးရေ ၁၃၀ မှာ သက်ကြီးရွယ်အို၊ ကလေးငယ် အယောက် ၂၀ ကျော် နေထိုင်နေကြပြီး စစ်ရှောင်ကာလ ၃ နှစ်ကျော်အထိ ရှိနေပြီလို့ ဆိုပါတယ်။

“သူတို့မှာ ရိက္ခာတွေပြတ်နေပြီလို့ ပြောတော့ သွားလှူဖြစ်ပါတယ်။ အခုကတော့ ဆန်ကို အဓိက လှူခဲ့တာပေါ့နော်။ သူတို့ပြောတာတော့ ဆီနဲ့ သောက်သုံးရေအတွက်လည်း အခက်အခဲတွေ ရှိနေသေးတယ်လို့ ပြောတယ်။ ကူချင်တာကတော့ အများကြီးပဲပေါ့။ အလှူရှင်တွေကလည်း လာလှူတာတွေ အရမ်းနည်းကုန်တော့ အရင်ကထက် ပိုပိုပြီး ခက်ခဲလာတယ်။”

စစ်ရှောင်စခန်းက ပြည်သူတွေ နေရပ်ပြန်နေထိုင်ဖို့အတွက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအန္တရာယ်၊ လေကြောင်းနဲ့ မြေမြှုပ်မိုင်းတွေကြောင့် ကာကွယ်ရေးတပ်တွေက နေအိမ်ပြန်ကြည့်ဖို့ပဲ ခွင့်ပြုပြီး နေရပ်ပြန် မနေထိုင်ကြသေးဖို့ တောင်းဆိုထားပါတယ်။

နေရပ်ပြန်နေထိုင်လို့ မရသေးတာကြောင့် စီးပွားရေးလုပ်ကိုင်စားသောက်ဖို့၊ တောင်ယာလုပ်ငန်း လုပ်ကိုင်ဖို့ အခက်အခဲရှိနေပြီး ပြည်သူလူထုက ထောက်ပံ့တာကို အဓိက မှီခိုနေရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင် အမျိုးသမီးတဦးက “အခက်အခဲတွေက အများကြီးရှိနေတယ်။ အဓိကကတော့ ဆန်ပေါ့။ အလှူရှင် မလာတာလည်း ကြာပြီဆိုတော့ အချင်းချင်း ပြန်မျှစားတာ၊ ပိုက်ဆံတတ်နိုင်တဲ့သူတွေနား ချေးငှားစားသောက်တာတွေ လုပ်ရတာပေါ့။ ထမင်းဆိုလည်း တနပ်လျှော့စားတာတွေ ရှိတာပေါ့” လို့ ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်စခန်းအများစုမှာ စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတာကြောင့် တရက်ကို ထမင်းနှစ်နှပ်ပဲ စားသုံးတာတွေ ရှိတယ်လို့ သိရပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ရှောင်စခန်းပေါင်း ၅၀ ကျော်ရှိပြီး လူဦးရေ ၁ သိန်းနီးပါး နေထိုင်နေကာ စစ်ရှောင်ကာလ ကြာမြင့်လာမှု၊ အလှူရှင်နည်းပါးလာမှုတွေကြောင့် စားနပ်ရိက္ခာ ပြတ်လပ်တာ၊ သောက်သုံးရေ မလုံလောက်တာ၊ မိုးကာလိုအပ်တာ စတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013