ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်အသင်းသားတွေအနေနဲ့ ရဲဝဲ့စွာ ယှဉ်ပြိုင်ကြဖို့ နည်းပြအာတီတာက တိုက်တွန်းသွားပါတယ်။
အာဆင်နယ်အသင်းဟာ ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ ပေါ်တိုအသင်းကို ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ ဂိုးနဲ့ ၁ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တာပါ။
ပေါ်တိုအသင်းနဲ့ ပွဲစဉ်အတွက် အကောင်းဆုံးဖြစ်နိုင်မယ့်နည်းလမ်းတွေနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက် တွေ ချမှတ်နိုင်ဖို့ ပြင်ဆင်ထားပြီး ကစားသမားတွေဘက်က ရဲဝံ့စွာယှဉ်ပြိုင်ကစားကြဖို့ နည်းပြအာတီတာက ပြောပါတယ်။
၁၄ နှစ်အတွင်း အိမ်ကွင်းမှာ ပြန်လည်ကစားခွင့်ရတဲ့ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ပွဲစဉ် ဖြစ်တာကြောင့် လှပတဲ့ အခွင့်အရေးတခုဖြစ်ပြီး အရာရာတိုင်းက တန်ဖိုးကြီးမားကြောင်း နည်းပြ အာတီတာက ပြောသွားပါတယ်။
အသင်းခေါင်းဆောင် အိုဒီဂတ်ကတော့ ပေါ်တိုနဲ့ပွဲစဉ်အတွက် အရာအားလုံးပြင်ဆင်ထားပြီး စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့လည်း လိုအပ်ကြောင်း ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
Photo-Reuters