Home
အားကစား
ရိုက်စ်အတွက် ပြောင်းရွှေ့ကြေး ပိုမိုရရှိခဲ့သင့်ဟု ဝက်စ်ဟမ်းနည်းပြ မိုယက်စ်သုံးသပ်
DVB
·
March 11, 2024
DeclanRice_11032024

ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်အတွက် ပြောင်းရွှေ့ကြေး ပိုမိုရရှိခဲ့သင့်ကြောင်း ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်က သုံးသပ်ပြောကြားလိုက်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို ထပ်ဆောင်းခံစားခွင့်တွေ အပါအဝင် ပေါင် ၁၀၅ သန်းနဲ့  အာဆင်နယ်အသင်းဆီ ရောင်းချခဲ့တာပါ။

အင်္ဂလန်ကွင်းလယ်လူ ရိုက်စ်ဟာ အာဆင်နယ်မှာ အထူးခြေစွမ်းပြနေသူဖြစ်ပြီး ပြောင်းရွှေ့ကြေး ပိုမိုရရှိခဲ့သင့်ကြောင်း နည်းပြမိုယက်စ်က သုံးသပ်ခဲ့တာပါ။

မိုယက်စ်က “ဒက်ကလန်ရိုက်စ်ဟာ ပေါင်သန်း ၁၅၀ လောက်အထိ တန်တယ်လို့ ပြောခဲ့တာကို လူတွေက ရယ်မောခဲ့ကြပါတယ်။ တခြားကစားသမားတွေရဲ့ ပြောင်းရွှေ့ကြေးက ရိုက်စ်ရဲ့တန်ကြေးလောက် ပေးလိုက်ရပေမဲ့ ရိုက်စ်ရဲ့ခြေစွမ်း အဆင့်အတန်းကို ဘယ်ကစားသမားမှ မရကြပါဘူး။ ရိုက်စ်က အင်္ဂလိပ်ကစားသမား ဖြစ်သလို အသက်ကလည်း ၂၅ နှစ်ပဲရှိသေးတော့ နောက်ထပ် ၆ နှစ် ၇ နှစ်လောက်အထိ အကောင်းဆုံး ခြေစွမ်းပြနိုင်ဦးမှာပါ” လို့ ပြောပါတယ်။

ရိုက်စ်ရဲ့ အပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းအတွက်တော့ တန်မှတန်တဲ့ ပြောင်းရွှေ့ကြေး ဖြစ်ခဲ့ကြောင်း မိုယက်စ်က ပြောသွားပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013