Home
နိုင်ငံတကာ
ဆိုမာလီ မြို့တော်ရှိ ဈေးကြီးတွင် ပေါက်ကွဲမှုဖြစ် 
DVB
·
March 11, 2024
Blast in Mogadishu_11032024

ဆိုမာလီနိုင်ငံရဲ့မြို့တော် မိုဂါဒစ်ရှူးရှိ နာမည်ကြီး ဘာကာရာစျေးထဲမှာ မတ်လ ၁၀ ရက်က  ပေါက်ကွဲမှုကြောင့် ဆိုင်ခန်းဒါဇင်ချီ ပျက်စီးပြီး လူတယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒါဟာ တလအတွင်း ဒီစျေးထဲမှာ ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်ပါတယ်။ မိုဂါဒစ်ရှူးရဲ့ အကြီးဆုံးစျေး ဘာကာရာဟာ ဒေသခံအများစု နေ့စဉ်သုံးပစ္စည်းတွေ၊ စားနပ်ရိက္ခာ၊ အဝတ်အထည်၊ ဆေးဝါးနဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ဝယ်ယူရာ ကုန်သည်တွေရဲ့ အချက်အချာလည်း ဖြစ်ပါတယ်။

မီးသတ်သမားတွေ လာပြီး မီးငြှိမ်းနေချိန်မှာ ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေက ကြည့်နေခဲ့ရတာပါ။

မီးလောင်ရတဲ့အကြောင်းရင်းက စျေးနားမှာ ဖောက်ခွဲရေးပစ္စည်း (IED)ကို ချထားခဲ့လို့ အာဏာပိုင်တွေက ယုံကြည်ကြပါတယ်။

ဖောက်ခွဲမှုကို ဘယ်သူလုပ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ အယ်လ်ရှာဘတ် စစ်သွေးကြွအုပ်စုက ဆိုမာလီနိုင်ငံထဲမှာ ဗုံးခွဲတာတွေ မကြာခဏ လုပ်ခဲ့ဖူးပါတယ်။

အယ်လ်ရှာဘတ်တွေဟာ သူတို့ကိုယ်ပိုင်ပြဋ္ဌာန်းထားတဲ့ ရှရီးယားဥပဒေနဲ့ အုပ်ချုပ်တဲ့ အစိုးရသစ်ကို တည်ထောင်ဖို့ ကြိုးစားရင်း ဆိုမာလီပြည်ထောင်စုအစိုးရနဲ့ အာဖရိကသမဂ္ဂတို့က လုပ်ပိုင်ခွင့်ပေးထားတဲ့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်တို့ကို တိုက်ခိုက်နေတာ နှစ်ချီ ကြာနေပါပြီ။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013