လီဗာပူးအသင်းဟာ နည်းပြ ယာဂန်ကလော့ပ် ရှိနေတာကြောင့် ချန်ပီယံဆုဖလားတွေ ရယူနိုင်ဖို့ အခွင့်အရေးရှိနေတာဖြစ်လို့ ပုဂ္ဂိုလ်ရေးခံစားချက်အရ နည်းပြ ကလော့ပ် အမြန်ဆုံးထွက်ခွာသွားဖို့ ဆန္ဒရှိကြောင်း မန်ယူနောက်ခံလူဟောင်း နဗီးလ်က ပြောပါတယ်။
ကလော့ပ်ဟာ လီဗာပူးအသင်းကို ရှိတဲ့လူစာရင်းနဲ့ အောင်မြင်မှု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပြီး နည်းပြဂွါဒီယိုလာနဲ့ မတူညီကြောင်း၊ နည်းပြနှစ်ဦးစလုံးကတော့ ခမ်းနားကြီးကျယ်တဲ့သူတွေ ဖြစ်ကြောင်း နဗီးလ်က ပြောပါတယ်။
ကလော့ပ်ဟာ အခုနှစ်ရာသီအကုန်မှာ လီဗာပူးကနေ ထွက်ခွာမယ်လို့ တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်။
နည်းပြကလော့ပ်ရဲ့ လီဗာပူးအသင်းအပေါ် ဦးဆောင်နိုင်စွမ်းကို မန်ယူနည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်နဲ့ နှိုင်းယှဉ်ပြီးတော့လည်း နဗီးလ်က ချီးကျူးသွားပါတယ်။
Photo - REUTERS/Dylan Martinez/Carl Recine