Home
မြန်မာသတင်း
မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံဘက် လုံခြုံရေးတင်းကျပ်
DVB
·
March 10, 2024
Thai Army Border 1_10032024
Thai Army Border 2_10032024
Thai Army Border 3_10032024
Thai Army Border 4_10032024

ကရင်ပြည်နယ်၊ မြဝတီမြို့တဖက်ကမ်း သင်္ဃန်းညီနောင်တိုက်ပွဲ ရက်ကြာလာတဲ့အတွက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မတ် ၉ ရက်နေ့ကစလို့ ထိုင်းစစ်တပ်က လုံခြုံရေးတွေ တိုးမြှင့် တင်းကျပ်ထားကြောင်း မဲဆောက်မြို့အခြေစိုက် AEC ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာ-ထိုင်းနယ်စပ် တာခ်ရိုင်မှာ ၉ မြို့နယ်ရှိပြီး နယ်စပ်နဲ့နီးတဲ့ အုန်းဖန်မြို့၊ ဖုတ်ဖမြို့၊ မဲဆောက်မြို့၊ မယ်လမတ်မြို့နဲ့ တာဆောင်ယမ်းမြို့တို့ဟာ ကရင်ပြည်နယ် နယ်စပ်ဖြစ်တဲ့အတွက် တိုက်ပွဲ ကူးစက်တာတွေအပြင် စစ်ပြေးဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်လာနိုင်ကြောင်းနဲ့ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေလည်း ထိုင်းနိုင်ငံဘက်ကို ကျူးကျော်တာမျိုးတွေ ဖြစ်နိုင်တာကြောင့် ထိုင်းကာကွယ်ရေးတပ်တွေ လုံခြုံရေး တိုးမြှင့်ထားတာပါ။

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်တိုက်ပွဲ ၄ ရက်တာအတွင်း စစ်ကောင်စီ တပ်ရင်း ၃၅၅၊ ၃၅၆၊ သင်္ဃန်းညီနောင်ရဲစခန်းနဲ့ သင်္ဃန်းညီနောင် ညောင်ပင် စစ်ကောင်စီစခန်းတို့ကို KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက်မြောက်များစွာရရှိသလို ကျန်ရှိနေတဲ့ မြဝတီခရိုင်က စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက် သိမ်းပိုက်နိုင်ရေးအတွက် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013