Home
မြန်မာသတင်း
လွိုင်ကော်နှင့် ဗန်းမောက်က စစ်ရှောင်ကျောင်းများကို စာရေးကိရိယာ ထောက်ပံ့
DVB
·
March 10, 2024
Educated tools support Karenni 1_10032024
Educated tools support Karenni 2_10032024
Educated tools support Karenni 3_10032024
Educated tools support Karenni 4_10032024

ကရင်နီပြည် အခြေစိုက် စစ်ဘေးရှောင်ကူညီတဲ့အဖွဲ့တခုဖြစ်တဲ့ Freelance Volunteer Myanmar – FVM အဖွဲ့က ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲက စစ်ရှောင်ကျောင်း ၂ ကျောင်းကို ကျောင်းသုံးပစ္စည်းနဲ့စာရေးကိရိယာတွေ ဒီနေ့ မတ် ၁၀ ရက်နေ့မှာ ထောက်ပံ့ပေးခဲ့ပါတယ်။

လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက ကျောင်း ၁ ကျောင်းနဲ့ ကသာခရိုင်၊ ဗန်းမောက်မြို့ထဲက ကျောင်း ၁ ကျောင်းကိုထောက်ပံ့ပေးခဲ့တာလို့ FVM ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

“ကရင်နီ၊ လွိုင်ကော်အရှေ့ဘက်ခြမ်းနဲ့ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်ထဲက စာသင်ကျောင်းတခုအတွက် ထောက်ပံ့ခဲ့တာပါ။ ဗန်းမောက်ကတော့ CDM ဆရာမတယောက်နဲ့ ချိတ်ဆက်ပြီးတော့ပါ။ များသောအားဖြင့် ကျနော်တို့က စားနပ်ရိက္ခာပိုင်းကို ကူညီတာများတော့ ပညာရေးဘက် အများကြီး ကူညီထားတာမျိုးမရှိသေးပါဘူး” လို့ ပြောပါတယ်။

လွိုင်ကော်အရှေ့ဘက်ခြမ်း‌ကျောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလောက်ကတည်းက ကျောင်းပြန်ဖွင့် နေပြီဖြစ်တာကြောင့် စာရေးကိရိယာ လိုအပ်ချက်ရှိနေပြီး ကျောင်းသုံးပုံနှိပ်စာအုပ်တွေ ဝယ်မရတာတွေလည်း ရှိတာကြောင့် မပို့ပေးနိုင်ဘူးလို့ FVM က ဆိုပါတယ်။

ဗန်းမောက်ဘက်ကလည်း အဆက်အသွယ် သိပ်မကောင်းသေးတာကြောင့် ကိုယ်ထူကိုယ်ထ ရပ်တည်နေရပြီး ဖုန်းလိုင်းအခြေအနေကြောင့် အသေးစိတ်အခြေအနေတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

FVM ပြန်ကြားရေးတာဝန်ရှိသူက “ပုံနှိပ်စာအုပ်တွေ တောင်းထားတာပေါ့။ သူတို့ဘက်က။ G3, G4, G6, G7 ပုံနှိပ်စာအုပ်တွေ။ တချို့တွေ့တော့ ဝယ်လို့ရပြီ။ ကျန်နေသေးတာတွေတော့ ရှိသေးတယ်ပေါ့” လို့  ပြောပါတယ်။

စစ်ကောင်စီက အာဏာစသိမ်းပြီးကတည်းက ကရင်နီပြည်ထဲမှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် စစ်ရှောင်နေကြရတဲ့ ဒေသခံ ၃ သိန်းနီးပါးထဲမှာ ၁  သိန်း ဝန်းကျင်ဟာ ကျောင်းနေအရွယ်ကလေးတွေဖြစ်ပြီး ကိန်းဂဏန်းအရ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013