Home
နိုင်ငံတကာ
ဂါဇာဆီ အကူအညီများ သယ်လာမည့် သင်္ဘောကုန်တင်ကုန်ချဆိပ်ကမ်းကို အစ္စရေး စစ်ဆေး
DVB
·
March 10, 2024
Israeli air strike in Rafah

ဂါဇာဆီ လူသားချင်းစာနာမှု အကူအညီတွေ သယ်လာဖို့ ရည်ရွယ်ထားတဲ့ သင်္ဘောကုန်တင်ကုန်ချ ဆိပ်ကမ်းကို အစ္စရေးက အပြည့်အဝ စစ်ဆေးပြီးပြီလို့ အစ္စရေးစစ်တပ် ပြောခွင့်ရ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ်ဟာဂါရီက မတ် ၉ ရက်မှာ ပြောလိုက်ပါတယ်။

ဆိုက်ပရပ်စ်နိုင်ငံက ဆိပ်ကမ်းပေါ်ကို ဂါဇာအတွက် သက်သာချောင်ချိရေး အကူအညီတွေကို ပရဟိတ လုပ်သားတွေက စနေနေ့မှာ ချပေးခဲ့တာပါ။

ဒါဟာ အငတ်ဘေးဆိုက်လုနီးပါး ဖြစ်နေတဲ့ ပါလက်စတိုင်းတွေအတွက် ရေကြောင်းလမ်းကနေ နိုင်ငံတကာက ကူညီရေးအားထုတ်မှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

ဆိုက်ပရပ်စ်နဲ့ ဂါဇာကြားက ပင်လယ်ရေကြောင်း ကူညီရေးစင်္ကြံဟာ ဒီသီတင်းပတ် အကုန်ပိုင်းကို အစောဆုံးထားပြီး စတင်လည်ပတ်နိုင်တယ်လို့ ဥရောပသမဂ္ဂက ပြောပါတယ်။

ဒီစမ်းသပ်စီမံကိန်းကို အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး)က ဘဏ္ဍာရေး ထောက်ပံ့ပြီး နိုင်ငံတကာ ပရဟိတအဖွဲ့က စီစဉ် ဆောင်ရွက်ခဲ့တာပါ။

စပိန်အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက ပိုင်တဲ့ ကမ်းလက်များလို့ နာမည်ပေးထားတဲ့ ပင်လယ်ပြင်က ရွှေ့ပြောင်းနေထိုင်သူတွေကို ကယ်ဆယ်နေကျ ကယ်ဆယ်ရေး သင်္ဘောကတော့ ဂါဇာရဲ့ အနောက်မြောက်ဘက် မိုင် ၂၁၀ အကွာ ဆိုက်ပရပ်စ်ဆိပ်ကမ်းမြို့ လာနာကာမှာ ဆိုက်ကပ်ထားပါတယ်။

ဒီသင်္ဘောဟာ ယူအေအီးနိုင်ငံက ရန်ပုံငွေအများစုပေးပြီး World Central Kitchen (WCK) ပရဟိတအဖွဲ့က စီစဉ်တဲ့ စားနပ်ရိက္ခာတန်ချိန် ၂၀၀ ကို တင်ဆောင်သွားမှာပါ။

ဆိုက်ပရပ်စ်နိုင်ငံကနေ ဒီသင်္ဘော ဘယ်အချိန်ထွက်မလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Source/Photo - REUTERS/Mohammed Salem

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013