Home
နိုင်ငံတကာ
စစ်သင်တန်းပြီးဆုံးပြီးနောက် ဟူသီသူပုန်များ စစ်ရေးပြ
DVB
·
March 10, 2024
Hundreds of Houthis take part in parade after 12 days of military training

ဟူသီသူပုန်တွေရဲ့ ၁၂ ရက်ကြာ စစ်သင်တန်း ပြီးဆုံးပြီးတဲ့နောက် မတ် ၉ ရက်မှာ ရာနဲ့ချီတဲ့ ယီမင်အစိုးရ ဝန်ထမ်းတွေဟာ ဆာနာတက္ကသိုလ်ရင်ပြင်က စစ်ရေးပြချီတက်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဂါဇာမှာ စစ်ပွဲစတင်ကတည်းက ယီမင်နိုင်ငံထဲက အစိတ်အပိုင်းအသီးသီးမှာ ထောင်ချီတဲ့ လူတွေဟာ စစ်သင်တန်းတွေမှာ ပါဝင်ခဲ့ကြပြီး ယီမင်နိုင်ငံအပေါ် ကျရောက် လာနိုင်တဲ့ ရန်လိုမှုမှန်သမျှကို တိုက်ဖျက်ဖို့ အဆင်သင့်ပြင်ဆင်ထားတာလို့ ဟူသီတွေက ပြောပါတယ်။ 

ဟူသီစစ်သွေးကြွတွေဟာ လက်နက်တွေ၊ ရိုင်ဖယ်တွေနဲ့ စက်သေနတ်တွေကို ကိုင်ဆောင်ရင်း ဂါဇာကမ်းမြောင်က ပြည်သူတွေကို ထောက်ခံတဲ့ ဆောင်ပုဒ်တွေ၊ အစ္စရေးနဲ့ အမေရိကန်တို့ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း ချီတက်ခဲ့ကြပါတယ်။

အီရန်နှင့် မဟာမိတ် ဟူသီအဖွဲ့ကို ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ အရေးယူမယ့် အကြမ်းဖက်အဖွဲ့စာရင်းထဲကို ပြန်ထည့်မယ်လို့ အခုနှစ်အစောပိုင်းမှာ အမေရိကန်က ကြေညာခဲ့ပါတယ်။

ဒါဟာ ဟူသီသူပုန်တွေရဲ့ ပင်လယ်နီတိုက်ခိုက်မှုမှာ ရန်ပုံငွေဖြတ်တောက်ဖို့နဲ့ ဟူသီတို့သုံးနေတဲ့ လက်နက်တွေကို လျှော့ချ ဖြတ်တောက်ဖို့ ရည်ရွယ်ထားပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024