အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံမှာ မတ်လ ၈ ရက်ညနဲ့ ၉ ရက်တို့မှာ ပြင်းထန်တဲ့ ရာသီဥတုကို ကြုံတွေ့ရလို့ နိုင်ငံအနှံ့ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး မိုးကြိုးမုန်တိုင်းတွေ ကျရောက်ခဲ့ပါတယ်။
ဒူဘိုင်းမြို့မှာ သယ်ယူပို့ဆောင်ရေး အနှောင့်အယှက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လေကြောင်းခရီးစဉ် ၁၃ ကြိမ်ကို အနီးနားက လေဆိပ်တွေဆီ လမ်းကြောင်းပြောင်းခဲ့ရတာပါ။
အဘူဒါဘီမြို့မှာလည်း မိုးသည်းသည်းထန်ထန်ရွာရင်း မိုးကြိုးပစ်ခဲ့တဲ့ မုန်တိုင်းတွေကို ညလုံးပေါက် ကြုံတွေ့ခဲ့ရ ပါတယ်။
အာလိုင်းမြို့ တောင်ပိုင်းမှာလည်း မိုးသည်းခဲ့ပြီး လမ်းတွေပိတ်လို့ အနှောင့်အယှက်တွေ ဖြစ်ခဲ့ပါတယ်။
ယူအေအီးနိုင်ငံတဝန်းက အာဏာပိုင်တွေက ပြည်သူတွေ အိမ်ထဲမှာ နေကြဖို့၊ ကမ်းခြေတွေကို ရှောင်ဖို့နဲ့ သတိထားပြီး ကားမောင်းကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
သီတင်းပတ်ကုန်ရက်တွေမှာ မိုးသည်းနိုင်ပြီး မိုးကြိုးမုန်တိုင်းတွေ ဆက်တိုက် ဖြစ်နိုင်တယ်လို့လည်း အမျိုးသားမိုးလေဝသဌာနက သတိပေးထားပါတယ်။
Source/Photo - Reuters