Home
နိုင်ငံတကာ
အလံဖြူထောင်ရဲသည့်သတ္တိရှိသင့် ယူကရိန်းကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ပြော
DVB
·
March 10, 2024
Pope Kkraine_1003024

ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ယူကရိန်းနိုင်ငံဟာ အလံဖြူထောင်ရဲတဲ့ သတ္တိရှိသင့်ပြီး လူထောင်သောင်းချီ သေဆုံးခဲ့တဲ့ ၂ နှစ်ကြာ ရုရှားရဲ့ ကျူးကျော်စစ်ကို အဆုံးသတ်ရေး ညှိနှိုင်းသင့်တယ်လို့ လူတွေ့မေးမြန်းခန်းတရပ်မှာ ပြောလိုက်ပါတယ်။

မတ်လ ၂၀ ရက် ထုတ်လွှင့်မယ့် ဆွစ်ဇာလန်ရုပ်သံလိုင်း RSI နဲ့ အင်တာဗျူးမှာ ရုရှားတပ်တွေကို မတွန်းလှန်နိုင်တဲ့ ယူကရိန်းက ရုရှားကို လက်လျှော့သင့်တယ်လို့ ပြောဆိုသူတွေနဲ့ ဒီလုပ်ရပ်ဟာ အင်အားအကြီးဆုံးသူတွေ လုပ်သမျှ တရားဝင်ဖို့ ခွင့်ပြုသလို ဖြစ်လိမ့်မယ်လို့ ဆိုသူတွေကြား စကားစစ်ထိုးရာမှာ ပုပ်ရဟန်းမင်းကြီးကို ဖိတ်ကြားခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ယူကရိန်းစစ်ပွဲကို ဆွေးနွေးရာမှာ စေ့စပ်ညှိနှိုင်းဖို့ လိုအပ်တယ်လို့ အရင်က ပြောခဲ့ဖူးပေမယ့် အလံဖြူ ဒါမှမဟုတ် ရှုံးနိမ့်ခြင်းလိုမျိုး စကားလုံးတွေကို ပထမဆုံးအကြိမ်အဖြစ် သုံးခဲ့တယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အသက် ၈၇ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီးဟာ ယူကရိန်းနဲ့ ရုရှားခေါင်းဆောင်တွေဆီက အသံထွက်လာဖို့ အီတလီရဟန်း အမတ်ကြီး မက်တီယို ဇပ်ပီကို ရုရှား၊ အမေရိကန်နဲ့ ယူကရိန်းနိုင်ငံတွေဆီ စေလွှတ်ခဲ့ဖူးပါတယ်။

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလမှာ ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းစစ်သား ၃၁,၀၀၀ သေဆုံးပြီး သိမ်းပိုက်ခံယူကရိန်း ဒေသတွေထဲမှာ အရပ်သားထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013