Home
နိုင်ငံတကာ
ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရန် လွှတ်တော်၌ အဆိုတင်မည်ဟု စပိန်ဝန်ကြီးချုပ်ပြော
DVB
·
March 10, 2024
Spanish PM says he wants parliament to recognise Palestinian state

စပိန်ဝန်ကြီးချုပ် ပေဒရိုဆန်းချက်ဇ်က ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုဖို့ စပိန်လွှတ်တော်ကို အဆိုတင်သွင်းမယ်လို့ မတ်လ ၉ ရက်က ဘီဘောင်းမြို့မှာ ကျင်းပတဲ့ ပါတီအစည်းအဝေးမှာ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဆန်းချက်ဇ်က အစ္စရေးဟာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားတယ်ဆိုတာကို သံသယရှိခဲ့ကြောင်းနဲ့ ဂါဇာကမ်းမြောင်မှာ စစ်ရေးအရ အရေးယူဆောင်ရွက်မှုကို လက်မခံနိုင်ဘူးလို့ ထပ်ပြောခဲ့လို့ အစ္စရေးက ဒေါသထွက်ခဲ့ပါတယ်။

သံတမန်ရေးအရ ငြင်းခုံနေပေမဲ့ ငြိမ်းချမ်းရေးညီလာခံအတွက် တွန်းအားပေးခဲ့သူ ဆန်းချက်ဇ်က အစ္စရေးနဲ့ စပိန်ကြား ဆက်ဆံရေးဟာ မှန်ကန်ပြီး “ဖော်ရွေတဲ့နိုင်ငံတွေမှာ ဒါမျိုးကိစ္စတွေကို အချင်းချင်းပြောဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။

ဥရောပနိုင်ငံတွေအနေနဲ့ ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုရေး ဆွေးနွေးသင့်တယ်လို့လည်း ဆန်းချက်ဇ်က ပြောပါတယ်။

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအတွက် နှစ်နိုင်ငံ အဖြေရှာရေး တောင်းဆိုချက်တွေ အောက်တိုဘာ ၇ ရက်ကတည်းက ကြီးထွားလာပေမဲ့ ပါလက်စတိုင်းနိုင်ငံဟာ အစ္စရေးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုမဖြစ်စေဖို့ စစ်တပ်နဲ့ စစ်ရေးလှုပ်ရှားမှု ကင်းရမယ်လို့ အစ္စရေးက ပြောခဲ့ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024