Home
မြန်မာသတင်း
ရဲတပ်သား ၁ ဦး CDF-KKG ထံ လက်နက်ခဲယမ်းဖြင့် အလင်းဝင်
DVB
·
March 10, 2024
CDM Police to CDF-KKG_10032024

ကလေးမြို့က ရဲတပ်သားတယောက်ဟာ ချင်းပြည်ကာကွယ်ရေးတပ်-ကလေး၊ ကဘော်၊ ဂန့်ဂေါ (CDF-KKG) ဆီကို မတ် ၉ ရက် မနက်ပိုင်းမှာ လက်နက်နဲ့တကွ အလင်းဝင်ရောက်လာခဲ့တယ်လို့ CDF-KKG ဆီက သိရပါတယ်။

CDF-KKG တပ်ဖွဲ့ဝင်တွေနဲ့ ချိတ်ဆက် အလင်းဝင်ရောက်လာတာဖြစ်ပြီး အဲဒီရဲတပ်သားနဲ့အတူ G3 သေနတ် ၁ လက်၊ ကျည်ဘောက် ၅ ခု၊ ကျည်ဆန် အတောင့် ၃၃၀ ပါရှိလာတာကြောင့် CDF-KKG က ငွေကျပ်သိန်း ၅၀ ချီးမြှင့်ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာတဲ့ ရဲတပ်သားဟာ အသက် ၂၆ နှစ်အရွယ်ရှိရှိပြီး ကလေးမြို့ပေါ် ရဲတပ်ရင်းတခုက ဖြစ်တယ်လို့ သိရပါတယ်။

CDF-KKG ပြန်ကြားရေးမှူးက “ကျနော်တို့ကတော့ အချိန်မရွေး ကြိုဆိုပါတယ်။ လက်နက်ပါရင် သိန်း ၅၀ ချီးမြှင့်ပါတယ်၊ သူတို့သွားချင်တဲ့ နေရာပို့ပေးဖို့ ခရီးစရိတ်လည်း ကျနော်တို့ စီစဉ်ပေးပါတယ်၊ အခုချိန်မှာတော့ အတော်လေး နောက်ကျနေပါပြီ၊ လက်နက်နဲ့အတူ ကျနော်တို့ဆီ လာရောက်ပူးပေါင်းပေးဖို့ အမြဲ ဖိတ်ခေါ်ပါတယ်” လို့ ပြောပါတယ်။

CDF-KKG အနေနဲ့ အလင်းဝင်ရောက်လာသူတွေကို အကူအညီပေးနေသလို စစ်ပညာသင်ကြားချင်တဲ့ လူငယ်တွေကိုလည်း သင်တန်းခေါ်ယူနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013