Home
မြန်မာသတင်း
အင်းစိန်လေတပ်အိမ်ရာ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
March 10, 2024
Insein AirFroceMap_10032024

ရန်ကုန်၊ အင်းစိန်မြို့နယ်၊ ပြည်လမ်းမအနီးမှာရှိတဲ့ စစ်ကောင်စီ လေတပ်အိမ်ရာဝန်းကို ဗုံးသီးတွေနဲ့ မတ် ၈ ရက် ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြအထူးတပ်ဖွဲ့ Urban Special Force (USF) က ဆိုပါတယ်။

ပစ်ခတ်တိုက်ခိုက်ခံရတဲ့ လေတပ်အိမ်ရာဝင်းဟာ စစ်ကောင်စီလေတပ်အရာရှိတွေရဲ့ တည်းခိုဆောင်တွေနဲ့ အနားယူဖို့ ဆောက်လုပ်ထားတဲ့ အရာရှိရိပ်သာဖြစ်ပြီး ၄၀ မမ ဗုံးသီး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အင်းစိန်မြို့ခံတယောက်က “ည ၆ နာရီခွဲလောက်မှာ ဗုံး ၃ လုံး ဆက်တိုက်ပေါက်တာ။ ဘီအိုအေစီကုန်းဘက်က အရာရှိရိပ်သာဘက်မှာ။ ထိခိုက်မှုတော့ မသိသေးဘူး” လို့ ပြောပါတယ်။ 

တိုက်ခိုက်ရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်လို့ USF အဖွဲ့ကလည်း “တိုက်ခိုက်ရခြင်းအကြောင်းမှာ အပြစ်မဲ့ပြည်သူများနှင့် ကလေးသူငယ်များအား လေကြောင်းတိုက်ခိုက်မှုများတွင် အပြစ်ရှိသူများ ဖြစ်ပြီး အကြမ်းဖက်စစ်တပ်၏ တိမ်းရှောင်အရာရှိပိုင်းများ ခိုအောင်နေခြင်းကြောင့် တိုက်ခိုက်ရခြင်း ဖြစ်တယ်” လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မြို့ပြအထူးတပ်ဖွဲ့ USF အဖွဲ့အနေနဲ့ စစ်အုပ်စုရဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေအပြင် ပတ်သက်ဆက်နွှယ်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက် ဖော်ဆောင် သွားမယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013