Home
အားကစား
ရိုဒရီကို ရပ်တန့်နိုင်ပါက မန်စီးတီးအသင်း ရပ်တန့်သွားလိမ့်မည်ဟု ဒမ်နီမာဖီ သုံးသပ်
DVB
·
March 10, 2024
Rodri_10032024

မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ ကွင်းလယ်လူရိုဒရီကို ရပ်တန့်နိုင်မယ်ဆိုရင် စီးတီးလည်း ရပ်တန့်သွားလိမ့်မယ်လို့ အင်္ဂလန်ကွင်းလယ် ကစားသမားဟောင်း ဒမ်နီမာဖီက ပြောပါတယ်။

မန်စီးတီးအသင်းဟာ တနင်္ဂနွေနေ့မှာ ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်သွားရမှာပါ။

လီဗာပူး အသင်းအနေနဲ့ ရိုဒရီကိုသာ ရပ်တန့်နိုင်မယ်ဆိုရင် မန်စီးတီးကိုလည်း ရပ်တန့်နိုင်မှာဖြစ်ကြောင်း၊ ရိုဒရီ ပါဝင်တဲ့ နောက်ဆုံးပွဲ ၆၀ မှာ မန်စီးတီးအသင်း ရှုံးနိမ့်ဖူးတာမျိုး မရှိကြောင်း ဒမ်နီမာဖီက ထောက်ပြပါတယ်။

ရိုဒရီဟာ ခံစစ်နဲ့တိုက်စစ် နှစ်မျိုးစလုံးမှာ စွမ်းဆောင်ရည်ကောင်း ပြသနိုင်စွမ်းရှိပြီး အားနည်းချက်မရှိတဲ့ ကွင်းလယ် ကစားသမားဖြစ်တယ်လို့ မာဖီက ချီးကျူးပါတယ်။

ရိုဒရီကို ရပ်တန့်ဖို့ဆိုရင် လီဗာပူးအသင်းအနေနဲ့ ဆိုဘိုစလိုင်းကို တာဝန်ပေးသင့်ကြောင်းလည်း အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်း ဒမ်နီမာဖီက သုံးသပ်သွားပါတယ်။ 

Photo- Reuters/Jason Cairnduff

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013