Home
အားကစား
အခွင့်အရေးကောင်းရတာနှင့် နည်းပြတာဝန် ပြန်ထမ်းဆောင်မည်ဟု မော်ရင်ညို ပြော
DVB
·
March 10, 2024
Mourinho_10032024

အခွင့်အရေးကောင်း ရတာနဲ့ နည်းပြတာဝန် ပြန်လည်ထမ်းဆောင်သွားမယ်လို့ ပေါ်တူဂီနည်းပြ မော်ရင်ညိုက အတည်ပြုသွားပါတယ်။

မော်ရင်ညိုဟာ ရိုးမာအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် လက်ရှိအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေတာပါ။

မှန်ကန်ကောင်းမွန်တဲ့ အခွင့်အရေးရတာနဲ့ တပြိုင်နက် နည်းပြတာဝန် ပြန်လည်ထမ်းဆောင်မှာဖြစ်ပြီး ဖြစ်နိုင်မယ်ဆိုရင် မနက်ဖြန်မှာတောင် အသင်းတသင်းကို တာဝန်ယူ ကိုင်တွယ်ချင်တဲ့စိတ်ရှိကြောင်း စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ မော်ရင်ညိုက ပြောပါတယ်။

ဒါပေမဲ့ အသင်းသစ် ရွေးချယ်ရာမှာ မှားယွင်းတဲ့ ရွေးချယ်မှု ဖြစ်သွားမှာကိုတော့ စိုးရိမ်ကြောင်း မော်ရင်ညိုက ပြောပါတယ်။

မော်ရင်ညိုဟာ အားလပ်ရက်မှာ ဆော်ဒီနိုင်ငံက ဖော်မြူလာဝမ်းပြိုင်ပွဲနဲ့ လက်ဝှေ့ပွဲတွေကို သွားရောက် အားပေးခဲ့ပါတယ်။ 

Photo-REUTERS/John Sibley

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013