Home
Lead Story
ရခိုင်နှင့် ချင်းပြည်နယ်က မြို့ ၇ မြို့ကို အေအေ သိမ်းပိုက်ထား
DVB
·
March 9, 2024
AA 932024

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ရဲ့ မနှစ် ၂၀၂၃ နိုဝင်ဘာလလယ် လောက်ကစခဲ့တဲ့ တကျော့ပြန်တိုက်ပွဲတွေအတွင်း  ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အေအေက မြို့ ၇ မြို့ကို သိမ်းပိုက်ရရှိထားပါတယ်။

ဒီ ၇ မြို့နယ်ထဲမှာ ပုဏ္ဏားကျွန်းမြို့နယ်ဟာ နောက်ဆုံးသိမ်းပိုက်ထားတဲ့မြို့ဖြစ်ပြီး ခမရ ၅၅၀ တပ်ရင်းကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ကနေ မတ် ၄ ရက်နေ့အထိ ၁၃ ရက်ကြာ   တိုက်ပြီးနောက် အေအေက သိမ်းယူခဲ့တာပါ။

ဒါကြောင့် ပုဏ္ဏားကျွန်းမြို့ဟာ ရက္ခိုင်ဒေသအတွင်းက  စစ်ကောင်စီကင်းစင်တဲ့ နောက်ထပ် တမြို့ဖြစ်လာပြီလို့လည်း အေအေက ပြောထားပြီး မြို့သိမ်းတိုက်ပွဲပြီးတဲ့နောက် ဒီမြို့နဲ့ ပတ်သက်တဲ့ ဓာတ်ပုံမှတ်တမ်းတွေကို မတ် ၈ ရက်မှာ အေအေက ထုတ်ပြန်လာပါတယ်။

ပုဏ္ဏားကျွန်းမြို့ရဲ့ နောက်ဆုံးစစ်ရေးပစ်မှတ်ကိုတိုက်ခိုက်တဲ့ ခမရ ၅၅၀ တပ်ရင်း စခန်းသိမ်း တိုက်ပွဲအတွင်း  အဲဒီတပ်ရင်းက ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးမင်းကိုကို၊ ခလရ ၂၀၈ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဖြိုးသူအောင်၊ ခမရ ၅၅၀ က ဗိုလ်မှူးစောထွေးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အများကို အသေဖမ်းမိခဲ့တယ်လို့လည်း အေအေက ပြောထားပါတယ်။

နိုဝင်ဘာလလယ်လောက်ကစတဲ့ ရခိုင်ပြည်နယ်ရဲ့ တကျော့ပြန်စစ်ပွဲ ၄ လလောက်အတွင်း ရက္ခိုင့်တပ်တော် အေအေက မင်းပြား၊  ပေါက်တော၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့ တို့ကို သိမ်းပိုက်ရရှိထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013