Home
မြန်မာသတင်း
အိန္ဒိယတွင်ခိုလှုံနေသည့် မြန်မာဒုက္ခသည်အချို့ ပထမအသုတ်အဖြစ် ပြန်ပို့ခံရ
DVB
·
March 9, 2024
india 932024

၂၀၂၁ က စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အိန္ဒိယမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည် အချို့ကို မတ် ၇ ရက်နေ့မှာ ပထမအသုတ်အနေနဲ့ မြန်မာနိုင်ငံဆီကို ပြန်ပို့ခဲ့ပြီး နောက်ရက်တွေမှာလည်း ထပ်ပို့သွားဖို့ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ 

မြန်မာနိုင်ငံနဲ့ ဗီဇာမလို နယ်စပ်မူဝါဒကို  အဆုံးသတ်သွားမယ်လို့ အိန္ဒိယဘက်က ထုတ်ပြန်ပြီးနောက်မှာ အခုလို လုပ်ဆောင်လာတာဖြစ်ပါတယ်။ 

လူမျိုးရေးနဲ့ မိသားစု ဆက်နွှယ်မှုတွေရှိတဲ့ အိန္ဒိယပြည်နယ်တွေကို  မြန်မာနိုင်ငံက အရပ်သားထောင်ချီ ဝင်ရောက်ခိုလှုံကြသလို စစ်ရှုံးတဲ့ မြန်မာစစ်သားတွေလည်း အိန္ဒိယနိုင်ငံဘက်ကို မကြာခဏ ထွက်ပြေးလာကြတာကြောင့် နယူးဒေလီအစိုးရက သူ့နိုင်ငံထဲမှာ အပူမီးကူးလာမှာကို စိုးရိမ်နေပါတယ်။ 

အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ် အင်န် ဘီရန် ဆင်းက “အိန္ဒိယနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား တွေထဲက ပထအသုတ်ကို ဒီကနေ့ ပြန်ပို့ခဲ့ပါတယ်” လို့ လူမှုကွန်ရက် X မှာရေးသားခဲ့ပါတယ်။ 

မတ် ၇ ရက်နေ့မှာ အိန္ဒိယနယ်စပ်မြို့ မိုရေးကို ဒုက္ခသည် အနည်းဆုံး ၇၇ ဦး ခေါ်လာခဲ့ပြီး ၈ ရက်နေ့မှာ လွှဲပေးမှာဖြစ်တယ်လို့ အိန္ဒိယလုံခြုံရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။

လူမှုကွန်ရက် X မှာ ပြည်နယ်ဝန်ကြီးချုပ် မျှဝေထားတဲ့ ဗီဒီယိုဖိုင်တခုမှာ ဒုက္ခသည်အမျိုးသမီးအချို့ကို လုံခြုံရေးဗင်ကားတွေထဲကနေ ခေါ်ထုတ်လာပြီး လေဆိပ်ကို ခေါ်ဆောင်သွားပုံမြင်ရပါတယ်။ 

အိန္ဒိယဟာ ၁၉၅၁ ကုလသမဂ္ဂဒုက္ခသည်ကွန်ဗင်းရျင်းကို လက်မှတ် မထိုးထားတဲ့အတွက် ဒ

ဒုက္ခသည်အခွင့်အရေးကာကွယ်ပေးဖို့ တာဝန်မရှိသလို၊ နိုင်ငံမှာလည်း ဒုက္ခသည် ကာကွယ်ရေး ဆိုင်ရာ ဥပဒေမျိုး ပြဋ္ဌာန်းထားတာမရှိပါဘူး။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013