မလေးရှားနိုင်ငံ၊ ဂျိုဟိုးပြည်နယ်၊ ပီကန်နီးနပ်စ် လူဝင်ကြီးကြပ်ရေးဌာနမှာ ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၈၅ ယောက်ကို မတ် ၇ ရက်က ကွာလာလမ်ပူလေဆိပ်ကတဆင့် မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။
ပီကန်နီးနပ်စ်လဝကမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၈၅ ယောက်နဲ့ အိန္ဒိယနိုင်ငံသား ၃၃ ယောက်တို့ကို မလေးလဝကက ပြည်နှင်ဒဏ်ပေးခဲ့ပြီး ကုန်တင်ထရပ်ကား နှစ်စီး၊ ဗင်ကား နှစ်စီးနဲ့ အားကစားသုံးယာဉ်တစီးတို့နဲ့ ကွာလာလမ်ပူကို ပို့ဆောင်ခဲ့ပါတယ်။
ဒီနောက် သက်ဆိုင်ရာသံရုံးတွေနဲ့ ချိတ်ဆက်ပေးကာ နေရပ်ပြန်ဖို့ ကုန်ကျစရိတ်တွေကို ထောက်ပံ့ပေးတာကြောင့် ဖမ်းဆီးခံရသူတွေအားလုံးကို မတ် ၇ ရက် မနက်ပိုင်းက ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ သက်ဆိုင်ရာနိုင်ငံတွေကို ပို့ဆောင်ပေးခဲ့တယ်လို့ မလေးလဝကက ထုတ်ပြန်ပါတယ်။
အခုလွှဲပြောင်းမှုဟာ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ၂၀၂၄ ခုနှစ်အတွင်း လဝကဥပဒေအရ ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို ၄၁ ကြိမ်မြောက်အဖြစ် သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်။