မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်း အမြောက်ပစ်ခတ် လေ့ကျင့်မှုကို ကြီးကြပ်နေတဲ့ ဓာတ်ပုံတွေထွက်လာပြီး နောက်တရက်အကြာမှာ တောင်ကိုရီးယားလေတပ်ဟာ မတ်လ ၈ ရကမှာ စစ်ရေးလေ့ကျင့် ခဲ့ပါတယ်။
ဝေဟင်မှ ဝေဟင်ပစ် AIM-9 ဒုံးကျည်နဲ့ ကိုရီးယား ဂျီပီအက်စ်လမ်းညွှန်ဗုံး (KGGB) တို့ ပါဝင်တဲ့ မတ်လ ၇ ရက်က တိုက်ရိုက်ပစ်ခတ်မှု လေ့ကျင့်ခန်းမှာ တောင်ကိုရီးယား တိုက်လေယာဉ် KF-16 နဲ့ FA-50 တို့ ပါဝင်ခဲ့ပါတယ်။
တောင်ကိုရီးယားလေယာဉ်မှူး ကင်မ်ကီယောင်းက “ဒီလေ့ကျင့်မှုကနေတဆင့် ရန်သူဘက်က ရန်စလာတဲ့အခါ ကျနော်တို့ရဲ့ တိကျတဲ့ တိုက်စစ်စွမ်းရည်နဲ့ အပြတ်အသတ် အပြစ်ပေးနိုင်တယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။
အမေရိကန်-တောင်ကိုရီးယားရဲ့ Freedom Shield ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့အတူ တောင်ကိုရီးယားလေတပ်ဟာ ဆူဝွန်မြို့ရှိ လေတပ်စခန်းမှာ နိုင်ငံရဲ့ ဂျက်တိုက်လေယာဉ် ၃၃ စင်းကို နီးနီးကပ်ကပ် စုဖွဲ့ကာ ဖြည်းဖြည်းချင်း ရွေ့လျားပျံသန်းတဲ့ပုံစံ လေ့ကျင့်ခဲ့တာလို့ စစ်တပ်က ပြောပါတယ်။
မြောက်ကိုရီးယားကလည်း စစ်ရေးလေ့ကျင့်မှုတခု ကြာသပတေးနေ့က ပြုလုပ်ခဲ့ပြီး ဒီစစ်ရေးလေ့ကျင့်မှုမှာ “ရန်သူ့မြို့တော်” ကို ပစ်ခတ်နေတဲ့ တပ်ဖွဲ့တွေလည်း ပါဝင်ကြောင်း တောင်ကိုရီးယားမြို့တော် ဆိုးလ်ကို ရည်ညွှန်းပြီး မြောက်ကိုရီးယားမီဒီယာက ထုတ်လွှင့် သွားခဲ့ပါတယ်။
Source/Photo-Reuters