တရာသီအတွင်း အကောင်းဆုံးဆုရရှိနိုင်တဲ့ ကစားသမားသုံးယောက်ကို အင်္ဂလန်နဲ့ လီဗာပူး နောက်ခံလူဟောင်း ကာရေဂါက ရွေးချယ်သွားပါတယ်။
The Telegraph သတင်းစာရဲ့ ဆောင်းပါးမှာ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမားဖြစ်လာနိုင်တဲ့ ကစားသမားသုံးယောက်ကို ကာရေဂါက ရွေးချယ်ခဲ့ပြီး ချန်ပီယံဖြစ်တဲ့ အသင်းက ရရှိလိမ့်မယ်လို့ မှတ်ချက်ပေးပါတယ်။
အကောင်းဆုံး ကစားသမားဆုရရှိနိုင်တဲ့ ကစားသမားတွေအဖြစ် လီဗာပူးနောက်ခံလူ ဗန်ဒိုက်၊ မန်စီးတီးကွင်း လယ်လူ ဖိုဒမ်နဲ့ အာဆင်နယ် ကွင်းလယ်လူ ဒက်ကလန်ရိုက်စတို့ကို ရွေးချယ်ခဲ့တာပါ။
မန်စီးတီးအသင်းမှာ ဖိုဒမ်မပါဝင်ဘဲ ရလဒ်ကောင်းရနိုင်ပေမဲ့ လီဗာပူးနဲ့ အာဆင်နယ်အသင်းတွေမှာတော့ ဗန်ဒိုက်နဲ့ ရိုက်စ်တို့မပါဝင်ဘဲ ချန်ပီယံဆုကို စိန်ခေါ်နိုင်မှာ မဟုတ်ကြောင်း ကာရေဂါက သုံးသပ်သွားပါတယ်။
Photo-Reuters