Home
နိုင်ငံတကာ
အသက် ၉၂ နှစ်အရွယ် မီဒီယာလုပ်ငန်းရှင် ဘီလျံနာ ရူးပတ်မားဒေ့ါချ် ၆ ကြိမ်မြောက်စေ့စပ်
DVB
·
March 8, 2024

မီဒီယာလုပ်ငန်းရှင် ဘီလျံနာသူဌေးကြီး ရူးပတ်မားဒေ့ါချ်ဟာ အသက် ၉၂ နှစ်အရွယ်မှာ ခြောက်ကြိမ်မြောက် စေ့စပ်ပွဲ လုပ်ခဲ့တယ်လို့ သူ့အဖွဲ့က အတည်ပြုပါတယ်။

မားဒေါ့ချ်ဟာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ရုရှားမော်လီကျူးဇီဝဗေဒပညာရှင် အယ်လီနာဇူကိုဗာနဲ့ တွဲနေတာ လအတန်အကြာရှိပြီ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားမှာရှိတဲ့ မားဒေ့ါချ်ရဲ့ မိုရာဂါစပျစ်ခြံကြီးထဲမှာ လာမယ့်ဇွန်လမှာ မင်္ဂလာပွဲ ကျင်းပဖို့ ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။

ခြောက်ကြိမ်မြောက်စေ့စပ်တာ ဖြစ်ပေမဲ့ လက်ထပ်ဖြစ်ရင်တော့ ငါးကြိမ်မြောက်လက်ထပ်ပွဲ ဖြစ်လာမှာပါ။

မားဒေ့ါချ်ဟာ မနှစ်က ဖောက်စ်နဲ့ နယူးစ်ကော်ပိုရေးရှင်းတွေရဲ့ ဥက္ကဋ္ဌတာဝန်က အနားယူခဲ့ပါတယ်။

ဩစတြေးလျမှာမွေးတဲ့ မားဒေ့ါချ်ဟာ စေ့စပ်ထားတဲ့ ရည်းစားဖြစ်သူ အန်းလက်စလေ စမစ်နဲ့ ၂၀၂၃ မှာ ရုတ်တရက် ပြတ်စဲခဲ့ပြီးတဲ့နောက် ဇူကိုဗာနဲ့တွဲတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ မားဒေါ့ချ်ရဲ့ ဇနီးဟောင်းတဦးဖြစ်တဲ့ တရုတ်နွယ်ဖွား စွန့်ဦးလုပ်ငန်းရှင် ဝင်ဒီတိန်ရဲ့ ပါတီပွဲမှာ တွေ့ကြတာလို့ ဆိုပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းမှာ နံပါတ် ၇၁ ချိတ်တဲ့ မားဒေါ့ချ်ဟာ ဩစတြေးလျမှာ မီဒီယာလုပ်ငန်း စတင်ခဲ့ပြီး ၁၉၇၉ မှာ ဗြိတိန်က The Sun နဲ့  News of the World သတင်းစာတွေကို ဝယ်ယူခဲ့ပြီး အရောင်းရဆုံး သတင်းစာတွေ ဖြစ်စေခဲ့ပါတယ်။

အမေရိကန်မှာ လူကြည့်အများဆုံး Fox News ရုပ်သံကို ၁၉၉၆ မှာ ထူထောင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၃ မှာ ထူထောင်တဲ့ News Corporation ကုမ္ပဏီလက်အောက်မှာ ဒေသဆိုင်ရာ မီဒီယာတွေကနေ နိုင်ငံလုံးဆိုင်ရာ မီဒီယာလုပ်ငန်းတွေ၊ နိုင်ငံတကာ မီဒီယာလုပ်ငန်းတွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024