Home
မြန်မာသတင်း
ဒေါ့ဖုန်းယန်ရှိ ခလရ ၁၄၂ တပ်ရင်းတရင်းလုံး ကေအိုင်အေထံ လက်နက်ချ
DVB
·
March 8, 2024
daut 832024

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်-မြစ်ကြီးနား လမ်းမပေါ်ရှိ ဒေါ့ဖုန်းယန် ဟန်ကိုင်တောင် အ‌ခြေစိုက် ခလရ ၁၄၂ တပ်ရင်းတရင်းလုံး မတ်လ ၈ ရက် ဒီမနက်ပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ထံ အလံဖြူထောင် လက်နက်ချသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ခလရ ၁၄၂ က လက်နက်ချတယ်ဆိုတာ ဟုတ်တယ်။ ဒီမနက်က အရမ်းစောတော့ မဟုတ်ဘူး။ အစောပိုင်းတောင် သူတို့ နည်းနည်း ပြန်ပစ်နေသေးတယ်။ အရာရှိတွေပါတယ်။ စစ်သားမိသားစုတွေပါတယ်။ အမျိုးသမီးရော ကလေးရော အများကြီးပဲ။ ဝန်ထမ်းတွေလည်း ပါတယ်။ ရဲတွေလည်းပါတယ်” လို့ ပြောပါတယ်။

လက်နက်ချသွားသူတွေကို အရပ်ဝတ်လဲလှယ်ပြီး အခု နေ့လယ် ၁ နာရီဝန်းကျင်က ကား၊ ဆိုင်ကယ်တွေနဲ့ ခေါ်သွားတာကို မြင်နေရပေမဲ့ ဘယ်နေရာကို ခေါ်သွားသလဲ ဆိုတာကတော့ မသိရဘူးလို့ သူက ပြောပါတယ်။

ကေအိုင်အေ ရှေ့တန်းနဲ့ နီးစပ်သူတဦးက “အဲဒီအနီးအနားက စစ်ကောင်စီတပ် မရှိ‌တော့ဘူး” လို့ ပြောပါတယ်။

လက်နက်ချလို့ ခေါ်ဆောင်သွားတဲ့ သုံ့ပန်းတွေ ဘယ်လောက်လဲ ဆိုတာတော့ လက်ရှိ ခေါ်‌ဆောင်နေဆဲမို့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

မနေ့ကတော့ စစ်ဆင်ရေးအစ ဖြစ်တာကြောင့် ဝိုင်းမော်ကနေ ဗန်းမော်အနီးထိ  တိုက်ပွဲ ပြင်းထန်ခဲ့ကာ ဒီနေ့တော့ အနည်းငယ်လျော့လာပြီး လက်ရှိ ဘွမ်ဆဲန်ဘွမ်မှာ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံက ပြောပါတယ်။

ကချင်ပြည်နယ်မှာ မတ်လ ၇ ရက်က စတင်လိုက်တဲ့ စစ်ဆင်ရေးဟာ  ကေအိုင်အေ တဖွဲ့တည်းရဲ့ စစ်ဆင်ရေးမဟုတ်ဘဲ အေအေနဲ့ PDF ပူးပေါင်းအဖွဲ့အပြင် ကချင်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊ ဂေါ်ရခါး စတဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ လူထုစစ်ဆင်ရေး ဖြစ်တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013