ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီးမှာ မတ်လ ၇ ရက် ညပိုင်းက ပြင်းအား ရစ်ချ်တာစကေး ၄ ဒသမ ၃ ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနကနေ သိရပါတယ်။
မတ်လ ၇ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၀ နာရီ၊ ၁၇ မိနစ်၊ ၄၅ စက္ကန့် အချိန်က ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်ဘက် ၇၅ မိုင်ခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း ပုသိမ်မြို့ အရှေ့မြောက်ဘက် ၁၉ မိုင်ခန့်အကွာ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။
အဆိုပါ မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေ သတင်းတွေကတော့ မကြားသိရပါဘူး။