လာမယ့် ရာသီအတွက် တိုက်စစ်မှူးသစ်ခေါ်ယူဖို့ စီစဉ်ထားကြောင်း အာဆင်နယ်နည်းပြ အာတီတာက အတည်ပြုပြောပါတယ်။
အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး ဂျေဇုနဲ့ အန်ကတ်တီယာတို့ရဲ့ စွမ်းဆောင်ရည်အပေါ် အားမလို အားမရဖြစ်ခဲ့တာကြောင့် အခုနှစ်ဇန်နဝါရီအပြောင်းအရွှေ့ကတည်းက တိုက်စစ်မှူး ခေါ်ယူဖို့ စီစဉ်ခဲ့ပေမဲ့ အဆင်မပြေဖြစ်ခဲ့တာပါ။
အသင်းကို တိုးတက်မှု ရှိစေဖို့ လိုအပ်တဲ့ နေရာတိုင်းအတွက် ဖြည့်တင်းမှုတွေ လုပ်ဆောင်မှာဖြစ်ပြီး တိုက်စစ်မှူး ဝယ်ယူဖို့အတွက်လည်း ရှင်းလင်းတဲ့အစီအမံတွေ လုပ်ဆောင်ထားပြီးသားဖြစ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။
ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးနဲ့ ပတ်သက်ပြီး မီဒီယာတွေကမေးမြန်းရာမှာတော့ တခြား အသင်းက ကစားသမား တဦးအကြောင်းကို မပြောချင်ကြောင်းနဲ့ ချိတ်ဆက်နေတဲ့ ကစားသမား တွေအများကြီးရှိကြောင်း နည်းပြအာတီတာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Photo-Reuters