Home
မြန်မာသတင်း
မြဝတီ သင်္ကန်းညီနောင် ခမရ ၃၅၅ ကို KNLA ပူးပေါင်းတပ် တိုက်ခိုက်
DVB
·
March 7, 2024
war 732024

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင် ကွင်းကလေး ခမရ ၃၅၅ တပ်ရင်းကို မတ်လ ၇ ရက် မွန်းလွဲ ၁၂ နာရီလောက်ကစတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မြဝတီ-ကော့ကရိတ်(အာရှ)လမ်းမကြီးအနီးက စစ်ကောင်စီရဲ့ ခမရ ၃၅၅ တပ်ရင်းကို KNLA၊ ကော်ဘရာစစ်ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတဦးက “တိုက်ပွဲက ဖြစ်နေတယ်။ လက်ရှိ ခမရ ၃၅၅ ဘက်ကနေ လက်နက်ကြီးတွေ ပစ်ထုတ်နေတယ်။ သင်္ကန်းညီနောင်က ဒေသခံတချို့လည်း ထွက်ပြေးတိမ်းရှောင်နေတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး အ‌သေးစိတ်အခြေအနေကိုတော့ ပြောလို့မရသေးဘူးလို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၂ နာရီခွဲလောက်က ခမရ ၃၅၅ တပ်ရင်းအနီးမှာ စစ်ကောင်စီရဲ့ ရဟတ်ယာဉ် ၂ စင်းကို KNLA၊ ကော်ဘရာစစ်ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့ရာ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် လိုက်ပါလာတဲ့ ရဟတ်ယာဉ်တစင်း ပျက်ကျခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013