ဘရာဇီးနိုင်ငံမှာ ခြင်ကြောင့်ဖြစ်တဲ့ရောဂါကို နှိမ်နင်းဖို့ အားထုတ်နေပေမဲ့ တုပ်ကွေးအဖျားရောဂါ ကူးစက်မှု တိုးနေလို့ နိုင်ငံတွင်း ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေအပေါ် သိသိသာသာ စိန်ခေါ်သလို ဖြစ်နေပါတယ်။
ဘရာဇီးမှာ ၂၀၂၄ ခုနှစ်အတွင်း တုပ်ကွေးအဖျား ကူးစက်ခံရသူ အယောက်တသန်း ပြည့်ခဲ့ပြီး ကူးစက်ခံ သေဆုံးသူ ၂၁၄ ယောက်ရှိပြီလို့ ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။
ကာကွယ်ဆေးတွေက အကန့်အသတ်နဲ့သာ ရနိုင်တာမို့ တုံ့ပြန်ရေး အားထုတ်မှုတွေ ရှုပ်ထွေးကုန်ပြီး ကူးစက်မှုကို ထိထိရောက်ရောက်စီမံဖို့ ကျန်းမာရေးအာဏာပိုင်တွေ ကြိုးစားနေရတယ်လို့ ဘရာဇီး ကူးစက်ရောဂါဆိုင်ရာအထူးကု ဟေနာတို ခေဖူရီက ပြောပါတယ်။
ကူးစက်နှုန်းမြင့်တဲ့ အဓိကဧရိယာတွေကို ပစ်မှတ်ထားပြီး တုပ်ကွေးအဖျားကူးစက်မှု ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်တွေ ရည်မှန်းထားပါတယ်။
ဒါပေမဲ့ လာမယ့်ငါးနှစ်အတွက် တုပ်ကွေးကာကွယ်ဆေး ထိုးဆေး ၆ သန်းကိုသာ လက်ခံရရှိထားလို့ ပြည်သူ ၁၃ ရာခိုင်နှုန်းအတွက်သာ ကာကွယ်ဆေး ထိုးပေးနိုင်လိမ့်မယ်လို့ ခေဖူရီက ခန့်မှန်းထားပါတယ်။
Source/Photo-Reuters