Home
မြန်မာသတင်း
မော်လမြိုင်တွင် ကုန်ကား ၁ စီး ချောက်ထဲကျပြီး ယာဉ်မောင်းဒဏ်ရာရ
DVB
·
March 7, 2024
mon 732024

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြေနီကုန်းရပ်ကွက် ဘူတာကြီးမီးပွိုင့်မှာ မတ် ၆ ရက်က ကုန်ကားတစီး ချောက်ထဲတိမ်းမှောက်ပြီး ယာဉ်မောင်းဒဏ်ရာရရှိခဲ့တယ်လို့ ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောပါတယ်။

မော်လမြိုင်မြို့ မြေနီကုန်းဘူတာကြီးမီးပွိုင့် အတက်မှာ မတ် ၆ ရက် ည ၆ နာရီက ကုန်ကားတစီး ဘရိတ်မမိတော့ဘဲ နောက်ပြန်လိမ့်ကျပြီး ချောက်ထဲတိမ်းမှောက်ခဲ့တာကြောင့် ယာဉ်မောင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဘိုဘိုဝင်း လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “၁၂ ဘီးကားက မီပွိုင့်ကုန်းအတက်မှာ ဘရိတ်မနိုင်တော့ဘဲ စက်သေပြီး နောက်ပြန်လိမ့်ကျတာ။ စပယ်ယာက ဂျမ်းတုန်းလိုက်ခုတာ မမီဘဲ ချောက်ထဲကျသွားတယ်။ စပယ်ယာကတော့ ထိခိုက်မှုမရှိပါဘူး။ ကားသမားတော့ ဒဏ်ရာအနည်းငယ် ရသွားတယ်။ စိုးရိမ်စရာတော့မရှိပါဘူး။ ၁၂ ဘီးကားပေါ်ပါလာတဲ့ ပစ္စည်းတွေတော့ ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်တဲ့နေရာကို ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ ရာမည အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့၊ မော်လမြိုင် အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့တို့က သွားရောက်ကူညီပေးခဲ့ပါတယ်။

မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်မှာလည်း မတ် ၄ ရက်က ဈေးသည်လင်မယား ၂ ဦးကို အိမ်စီးကားတစီးက ဝင်တိုက်ခဲ့တာကြောင့် ဈေးသည်အမျိုးသား သေဆုံးခဲ့ပြီး အမျိုးသမီး ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013