Home
နိုင်ငံတကာ
အာဂျင်တီးနားထောင်တွင်း ကိုယ်တပိုင်းဝတ် အကျဉ်းသားများ၏ ဓာတ်ပုံထွက်ပေါ်  
DVB
·
March 7, 2024
Argentina photo of half naked, bowed prisoners shows tough-on-crime shift

အာဂျင်တီးနားနိုင်ငံ၊ ဆန်တာဖေးမြို့က ပီနဲရိုအကျဉ်းထောင်မှာ ကိုယ်တပိုင်းဝတ် အကျဉ်းသားတွေရဲ့ လက်နောက်ပစ် ကြိုးချည်ခံထားရတဲ့ ဓာတ်ပုံတွေကို နိုင်ငံတွင်းမှာ ဝေဖန်မှုရော၊ ချီးကျူးမှုပါ ထွက်ပေါ်လာခဲ့ပြီး အများကတော့ အယ်လ်ဆာဗေဒိုသမ္မတ နာယစ်ဘ် ဘူကီလီရဲ့ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ရာဇ၀တ်မှုတွေအပေါ် သဘောထားတင်းမာမှုတွေကို ကိုးကားပြောဆိုကြပါတယ်။ 

ဆန်တာဖေးပြည်နယ်အုပ်ချုပ်ရေးမှူး မက်ဆီမီလီယာနို ပူလ်ယာရိုက မူးယစ်ဆေး မှောင်ခိုရောင်းဝယ်သူများစွာကို ထိန်းသိမ်းထားတဲ့ ပီနဲရိုအကျဉ်းထောင်အတွင်း မကြာသေးခင်က ရဲရှာဖွေရေး လုပ်ဆောင်မှုအသေးစိတ် အချက်အလက်တွေကို မတ်လ ၅ ရက်မှာ မျှဝေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်က အာဂျင်တီးနားမှာ လူသတ်မှုနှုန်း အမြင့်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ ဆန်တာဖေးမြို့မှာ ကွန်ဆာဗေးတစ် အုပ်ချုပ်ရေးမှူး ဒီဇင်ဘာလမှာ တာဝန်ယူပြီးနောက်မှာ အကျဉ်းထောင်တွေအတွင်း ရုတ်တရက် ဝင်ရောက်စစ်ဆေးလေ့ ရှိပါတယ်။

အာဂျင်တီးနားလုံခြုံရေးဝန်ကြီး ပက်ထရစ်ရှာ ဘူးလ်ရစ်ချ်က မတ်လ ၆ ရက် ဗုဒ္ဓဟူးနေ့က X လူမှုမီဒီယာမှာ ဓာတ်ပုံတွေကို မျှဝေခဲ့ပြီး အုပ်ချုပ်ရေးမှူးရဲ့လုပ်ရပ်ကို ချီးကျူးခဲ့ပါတယ်။ 

ဝန်ကြီး ဘူးလ်ရစ်ချ်ဟာ အရင်က အယ်လ်ဆာဗေဒိုသမ္မတ ဘူကီလီရဲ့  မူးယစ်ရာဇ၀တ်မှုတွေကို ချဉ်းကပ်ကိုင်တွယ်မှုကို ချီးကျူးခဲ့ပြီး ဘူကီလီရဲ့ပုံစံကို အာဂျင်တီးနားနဲ့  လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်ဖို့ စိတ်ဝင်စားကြောင်း ပြောပါတယ်။ 

လူ့အခွင့်အရေး အဖွဲ့အစည်းတခုဖြစ်တဲ့ အာဂျင်တီးနား ဥပဒေရေးရာနဲ့ လူမှုရေး လေ့လာရေးစင်တာကတော့ ဒီလုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။

“ဆန်တာဖေးအကျဉ်းထောင်မှာ အရှက်တကွဲဖြစ်မှုက ဘယ်သူ့ကိုမှ ပိုလုံခြုံသွားအောင် လုပ်မပေးနိုင်ပါဘူး" လို့ အဖွဲ့အစည်းက ဗုဒ္ဓဟူးနေ့မှာ လူမှုကွန်ရက်ကနေ တုံ့ပြန်ခဲ့ပါတယ်။ 

တခြားဝေဖန်သူတွေကတော့ ဒီဓာတ်ပုံတွေဟာ ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေ ရှိလာပေမဲ့ သူ့ကိုယ်ပိုင်ပုံစံနဲ့ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ခဲ့တဲ့ အလ်ဆာဗေးဒေါသမ္မတ ဘူကီလီ ထုတ်ပြန်လေ့ရှိတဲ့ ဓာတ်ပုံတွေကို အမှတ်ရစေကြောင်းနဲ့ မြင့်မားတဲ့ ရာဇ၀တ်မှုနှုန်းတွေကို လျှော့ချရာမှာ ကူညီပေးခြင်းအတွက် ချီးကျူးဂုဏ်ပြုမှုတွေလည်း ရရှိခဲ့ပါတယ်။ 

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013