Home
နိုင်ငံတကာ
ကိုလံဘီယာသမ္မတ၏ ပြုပြင်ပြောင်းလဲမှုများကို လူထုထောင်ချီ ကန့်ကွက်ဆန္ဒပြ
DVB
·
March 7, 2024
Protest against Colombian President Gustavo Petro's reforms, in Bogota

ကိုလံဘီယာသမ္မတ ဂူစတာဗိုပီထရို ကျောထောက်နောက်ခံပြုထားတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေကို ကန့်ကွက်ဖို့နဲ့ လုံခြုံရေး ယိုယွင်းပျက်စီးနေမှုတွေကို အရေးယူဖို့ ကိုလံဘီယာမြို့ကြီးတွေမှာ ထောင်နဲ့ချီတဲ့ လူတွေဟာ မတ်လ ၆ ရက်က ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

မြို့တော် ဘိုဂိုတာရှိ ဆန္ဒပြသူတွေဟာ “ပီထရိုကို နောက်ထပ်အလိုမရှိ”၊ “ပီထရို သွားတော့” စသဖြင့် သမ္မတကို ဝေဖန်ထားတဲ့ စာသားတွေရေးထားတဲ့ စာတန်းတွေ၊ ဆိုင်းဘုတ်တွေ၊ အလံတွေကို ကိုင်ဆောင်ပြီး ကြွေးကြော်သံတွေကိုလည်း အော်ဟစ်ခဲ့ကြပါတယ်။

ပီထရိုကတော့ သူ့ပြုပြင်ပြောင်းလဲမှုတွေကို  ခုခံကာကွယ်ခဲ့ပြီး အဲဒီဝါဒက တိုင်းပြည်ရဲ့ အဆင်းရဲဆုံးသူတွေကို အကျိုးပြုမယ်လို့  ပြောပါတယ်။

ကိုလံဘီယာလွှတ်တော်အမတ် မစ်ဂွဲလ် ပိုလိုပိုလိုက  “ပြုပြင်ပြောင်းလဲမှုတွေ လုပ်တယ်ဆိုပေမဲ့ အဲဒီနိုင်ငံအတွက် ကြောက်လန့်စရာ ပြုပြင်ပြောင်းလဲမှုတွေက ကိုလံဘီယာကို ဆိုးရွားတဲ့ ကျန်းမာရေး ပြုပြင်ပြောင်းလဲမှုလို  အလဟဿဖြစ်သွားမှာဖြစ်ပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်က ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ သွားတူနေလိမ့်မယ်” လို့ ပြောပါတယ်။

သမ္မတက ကိုလံဘီယာကို အထင်ကြီးစေဖို့ နိုင်ငံတကာမှာ လော်ဘီတွေ သွားလုပ်နေတာ ကလည်း အစစ်အမှန်မဟုတ်ဘဲ အဖြစ်မှန်ကတော့ ခုကြုံနေရတဲ့အတိုင်းပါပဲလို့ ဆန္ဒပြသူ ကလာရာ ပရီးတိုက ပြောပါတယ်။

လက်ဝဲဝါဒီသမ္မတ ပီထရို အစိုးရရဲ့ အကြီးမားဆုံး အဆိုပြုချက်တွေဖြစ်တဲ့ ကျန်းမာရေး၊ ပင်စင်လစာ၊ အလုပ်သမားစနစ်နဲ့ ပညာရေးကို ဦးတည်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကွန်ဂရက်နဲ့ အတိုက်အခံတွေဆီက ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်တွေ ကွန်ဂရက်စ်မှာ ဆွေးနွေးဖြတ်သန်းနေချိန်မှာ လွန်ခဲ့တဲ့ဧပြီလက ညွန့်ပေါင်းအဖွဲ့ ပြိုကွဲပြီးနောက်ပိုင်း ပီထရိုဟာ လွှတ်တော်အမတ်တွေကြားမှာ ထောက်ခံမှု အများစု ကင်းမဲ့နေတာ ဖြစ်ပါတယ်။

Source/Photo-REUTERS/Luisa Gonzalez

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013