Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း၌ တရားမဝင်မူကြိုကျောင်းဖွင့်သည့် အမေရိကန်အမျိုးသမီးနှင့် မြန်မာ အလုပ်သမများ ဖမ်းဆီးခံရ
DVB
·
March 7, 2024
thai 732024

ထိုင်းတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော်ဖငန်းမြို့ထဲမှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ မူကြိုနေ့ကလေးထိန်းကျောင်းကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်ဖမ်းဆီးရာမှာ ကျောင်းအုပ် အမေရိကန်အမျိုးသမီး ၁ ဦး၊ နိုင်ငံခြားသူ ဆရာမ ၃ ဦးနဲ့  မြန်မာအမျိုးသမီးအလုပ်သမား ၄ ဦးပါ ဖမ်းဆီးခံရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ကော်ဖငန်းမြို့ ကော်ဖငန်းရပ်ကွက် ၃ ထဲမှာ နိုင်ငံခြားသားက မူကြိုကျောင်းဖွင့်လှစ်ထားကြောင်း သတင်းရတဲ့အတွက် တရားဥပဒေနဲ့ ညီမညီစစ်ဆေးဖို့ ကော်ဖငန်းလဝက ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးရုံးနဲ့ နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေဟာ မတ်လ ၆ ရက် အဆိုပါနေရာကို သွားရောက်ခဲ့ ပါတယ်။

အဆိုပါနေရာမှာ အုန်းခြံထဲမှာတည်ရှိပြီး ကျောင်းဝင်းကိုလည်း အလုံပိတ်ကာရံထားပါတယ်။ ကျောင်းထဲဝင်သွားတော့  အသက် ၃ နှစ်မှ ၅ နှစ်ရွယ် နိုင်ငံခြား ကလေး အယောက် ၂၀ လောက် ကစားတဲ့သူက ကစား၊ စာသင်နေတဲ့သူက စာသင်နေပြီး ကလေးကစားစရာတွေ၊ စားစရာတွေ၊ သင်ကြား‌ရေးထောက်ကူပြုပစ္စည်းတွေပါ တွေ့ရှိသလို နိုင်ငံခြားသူ ကလေး ထိန်းဆရာမ ၃ ဦးနဲ့ အိမ်မှုကိစ္စသန့်ရှင်းရေးတဲ့ မြန်မာအမျိုးသမီး  ၄ ဦးပါ ရှိနေပါတယ်။

ကလေးထိန်းဆရာမတွေထဲက ၁ ဦးက ယူကရိန်း ၊ ၂ ဦးမှာ အစ္စရေးကဖြစ်ပြီး သူတို့မှာ တရားဝင် အလုပ်သမားကတ်တော့မရှိပါဘူးသလို မြန်မာ မိန်းကလေး ၄ ဦးကလည်း ထိုင်းမှာ နေထိုင်ခွင့် အထောက်အထားလည်းမရှိ ၊ အလုပ်သမားကတ်လည်း မရှိပါဘူး။

အသက် ၄၀ နှစ်ရွယ် Ms. Jennifer Keanne Irwin ဆိုသူအမေရိကန်အမျိုးသမီးက ကျောင်းအုပ်ကြီးဆိုပြီး တာဝန်ရှိသူတွေလာရောက်စစ်ဆေးတဲ့အချိန် မကျေနပ်တဲ့ပုံစံနဲ့  မချေမငံ ပြောဆိုနေတယ်လို့ ဆိုပါတယ်။

တာဝန်ရှိသူတွေက ကျောင်းဖွင့်ခွင့်မှတ်ပုံတင်အထောက်အထား၊  ကျောင်းအုပ်ချုပ်ခွင့် အထောက်အထားတွေမေးရာမှာ  ပြသနိုင်ခြင်းမရှိပါဘူး။

ဒါကြောင့် သက်ဆိုင်ရာက သူ့ကို ခွင့်ပြုချက်မရဘဲ သင်ကြားရေးဌာနဖွင့်လှစ်မှု၊  အလုပ်ရှင်နဲ့ အလုပ်တည်နေရာ မမှန်ကန်မှုတွေနဲ့ အရေးယူသွားမှာဖြစ်သလို နိုင်ငံခြားသူ မူကြိုဆရာမ ၃ ဦးကိုလည်း  ခွင့်ပြုချက်မရဘဲ အလုပ်ဝင်လုပ်မှုနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမ ၄ ဦးကိုလည်း ဘာသက်သေအထောက်အထားမှမရှိတဲ့အတွက် ထိုင်းနိုင်ငံထဲတရားမဝင် ဝင်ရောက်နေထိုင်မှု၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်မှုတွေနဲ့ အရေးယူသွားမယ်လို့ ကော်ဖငန်းရဲစခန်း တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းတောင်ပိုင်း ဖူးကက်မြို့မှာ ပြီးခဲ့တဲ့အပတ်က ထိုင်းဆရာဝန်မလေး ၁ ဦးကို ဒေးဗစ်ဆိုသူ နိုင်ငံခြားသားတဦးက ခြေတောက်နဲ့ကန်ခဲ့ပြီးနောက် သက်ဆိုင်ရာက သူ့အလုပ်အကိုင်တွေကိုပါ စစ်ဆေးရာမှာ ခွင့်ပြုချက်မရဘဲ ဆင်စခန်းတွေဖွင့်လှစ်၊ စီးပွားရေးဝင်လုပ်နေတာ တွေ့ရလို့  တခြားနိုင်ငံခြားသားတွေရှိနေတဲ့ အလုပ်အကိုင်တွေပါ စစ်ဆေးခံနေရတာပါ။ 

Source/Photo:  Thairath

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013