တိုက်စစ်မှူး မိုဆာလာနဲ့ ပတ်သက်ပြီး အီဂျစ်လက်ရွေးစင်အသင်းနဲ့ လီဗာပူးကလပ်အသင်းတို့ကြားမှာ သဘောထား တင်းမာနေပါတယ်။
ဆာလာဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းကနေ လက်ရှိအချိန်အထိ ကြံ့ခိုင်မှုပိုင်း အားနည်းမှုတွေကြောင့် လက်ရွေးစင်အသင်းမှာ မရွေးချယ်ဖို့ လီဗာပူးအသင်းဘက်က တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ အီဂျစ်အသင်းက ဆာလာကို ဆက်လက်ရွေးချယ်ခဲ့ပြီး အာဖရိကဖလား ယှဉ်ပြိုင်စေခဲ့ရာမှာ ဒဏ်ရာထပ်မံရရှိခဲ့ပါတယ်။
အဲဒီအပေါ် လီဗာပူးအသင်းက ဒေါသထွက်နေပြီး ဆာလာကို အီဂျစ်အသင်းနဲ့ မဆက်သွယ်တော့ဖို့ ဖိအားပေးထားကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အီဂျစ်အသင်းဘက်လည်း ဆာလာနဲ့ ပြောဆိုဆက်ဆံခွင့်မရကြောင်း တရားဝင် သတင်းထုတ်ပြန်ထားပြီး ဆာလာဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမား ဖြစ်တာကြောင့် လီဗာပူးအသင်းနဲ့ နားလည်မှု ပြန်လည်ရယူချင်ကြောင်း ထုတ်ပြန်ထားပါတယ်။
အီဂျစ်အသင်းဟာ လာမယ့် နိုင်ငံတကာပွဲစဉ်တွေမှာ နယူးဇီလန်၊ ခရိုအေးရှား၊ တူနီးရှားအသင်းတွေနဲ့ ခြေစမ်းဖို့ရှိပါတယ်။
Photo-Reuters