ပြီးခဲ့တဲ့ဘောလုံးရာသီ တနှစ်အတွင်းမှာ ပေါင်သန်း ၁၀၀ ကျော် အရှုံးပေါ်ခဲ့တဲ့ အက်စတွန်ဗီလာ အသင်းဟာ ကစားသမားတချို့ကို ထုတ်ရောင်းချသွားရဖို့ ရှိပါတယ်။
ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်အထိ ပေါင် ၁၁၉ သန်း အရှုံးပေါ်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ခဲ့တာပါ။
ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းကန့်သတ်ချက်တွေအရ သုံးနှစ်အတွင်းမှာ ပေါင် ၁၀၅ သန်း ထက်ပိုပြီး အရှုံးပြလို့မရဘူးလို့ သတ်မှတ်ထားပါတယ်။
ဗီလာအနေနဲ့ လက်ကျန် ၂ နှစ်တာကာလမှာ အရှုံးပေါ်မှုတွေ ရပ်တန့်နိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပြီး ကစားသမားတချို့ကို ရောင်းထုတ်သွားရနိုင်ပါတယ်။
အသင်းမှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေဖြစ်တဲ့ ဒေါက်ဂလပ်လူးဝစ်၊ ဂျက်ကော့ရမ်ဆေး၊ အိုလီဝက်ကင်စ် အစရှိတဲ့ ကစားသမားတွေကို ရောင်းချဖို့ရှိပါတယ်။
ဗီလာအသင်းဘက်ကတော့ အရှုံးပြခဲ့သည့်တိုင် ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီဖို့နဲ့ စဉ်ဆက်မပြတ် တိုးတက်လာဖို့ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo-Action Images via Reuters