ကစားသမားဘဝကနေ မက်ဆီ အနားမယူမချင်း အကောင်းဆုံးကစားသမား ဖြစ်နေလိမ့်မယ်လို့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ပြောသွားပါတယ်။
ဟာလန်းဟာ ပြီးခဲ့တဲ့နှစ် ဘလွန်းဒီအောဆုနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုတွေကို ရယူဖို့ အကောင်းဆုံး အခွင့်အလမ်း ရှိခဲ့ပေမဲ့ မက်ဆီကပဲ အနိုင်ယူ ကျော်ဖြတ်သွားတာပါ။
ချန်ပီယံလိဂ်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ မက်ဆီ အနားယူမှပဲ အကောင်းဆုံးဆုတွေကို ရရှိနိုင်မှာလားဆိုတဲ့ မေးခွန်းအပေါ် ဟာလန်းက ပြန်လည်ဖြေကြားခဲ့တာပါ။
မက်ဆီအနားယူတဲ့အချိန်မှာ အကောင်းဆုံးရ၊ မရ မသိနိုင်ပေမဲ့ မက်ဆီကစားနေသမျှတော့ အကောင်းဆုံး ကစားသမား ဖြစ်နေလိမ့်မယ်လို့ ဟာလန်းက ပြောပါတယ်။
ဟာလန်းဟာ မတ်လ ၆ ရက် ဒီကနေ့ညမှာ ကိုပေဟေဂင်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ ကစားရမှာဖြစ်ပြီး ဒိန်းမတ်ကလပ်ဟာ တချိန်က သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောသွားပါတယ်။
Photo-Reuters