Home
မြန်မာသတင်း
အကြမ်းဖက်မှုရပ်တန့်ပြီး မတရားဖမ်းဆီးထားသူအားလုံးပြန်လွှတ်ရန် ဩစတြေးလျနှင့် စင်ကာပူ ပူးတွဲ တောင်းဆို
DVB
·
March 5, 2024
singa 532024

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေချက်ချင်းရပ်ဖို့နဲ့  မတရား ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်အာဏာရှင်ကို   ဩစတြေးလျနဲ့ စင်ကာပူနိုင်ငံတို့က မတ်လ ၅ ရက်မှာ ပူးတွဲတောင်းဆို လိုက်ပါတယ်။

မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ အတားအဆီးမရှိ ပေးခွင့်ပြုဖို့နဲ့  သက်ဆိုင်သူအားလုံးပါဝင်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးမှုတွေလုပ်နိုင်မယ့် အခင်းအကျင်း ဖန်တီးဖို့ လည်း စစ်အာဏာရှင်ကို တောင်းဆိုပါတယ်။

ဩစတြေးလျ-အာဆီယံ အထူးထိပ်သီးအစည်းအဝေး ကျင်းပနေတဲ့ မဲလ်ဘုန်းမြို့မှာ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီနဲ့  စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းတို့ မတ်လ ၅ ရက်က သီးခြားတွေ့ဆုံဆွေးနွေးအပြီးမှာ ထုတ်ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ၃ နှစ်ပြည့်သွားပြီး နိုင်ငံရေး၊ လုံခြုံရေးနဲ့ လူသားချင်းစာနာမှုအခြေအနေတွေ ပိုမိုယိုယွင်းဆိုးရွာလာတာကို အလွန်အမင်းစိုးရိမ်ကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်တွေက အသိအမှတ်ပြုကြတယ်လို့ဆိုပါတယ်။

ဒါ့အပြင်  မြန်မာ့အရေး အာဆီယံဦးဆောင်တဲ့  ကြိုးပမ်းအားထုတ်မှုနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ အခိုင်အမာ ထောက်ခံကြောင်းလည်း နှစ်နိုင်ငံခေါင်းဆောင်တွေက ထပ်လောင်းပြောပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံမှာ   အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက် လက်တွေကျကျ အပြုသဘော ထောက်ပံ့ကူညီပေးဖို့နဲ့ လက်ရှိဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းပြည့်စုံ တာရှည်ခိုင်မာတဲ့ အဖြေတခုရအောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့လည်း ဝန်ကြီးချုပ် ၂ ဦးက  တိုက်တွန်းပါတယ်။

Photo Credit- Anthony Albanese

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013