ကရင်ပြည်နယ်၊ ဘားအံမြို့မှာ မတ် ၄ ရက် ညနေ ၅ နာရီလောက်က သံလွင်မြစ်ကမ်းကနေ အမျိုးသားတဦး ရေထဲခုန်ချပြီး သေဆုံးခဲ့ကြောင်း မြို့ခံတွေဆီက သိရပါတယ်။
ဘားအံမြို့၊ အမှတ် ၃ ရပ်ကွက်၊ ၁၅၀ ကွက်သစ်၊ ရေအရင်းအမြစ်ရုံး အနောက်ဘက် သံလွင်မြစ်ကမ်းမှာ မနေ့ ညနေပိုင်းက အမျိုးသားတဦး ရေထဲခုန်ချခဲ့ရာက သေဆုံးခဲ့တယ်လို့ ကွက်သစ်ရပ်နေ ဒေသခံတဦးက ပြောပါတယ်။
“ဘယ်လိုစိတ်ပေါက်ပြီး ခုန်ချသွားလဲမသိဘူး။ လူငယ်ပိုင်းလေးထဲကပါ။ ညနေ ၅ နာရီလောက်တည်းက ရေထဲမြုပ်သွားတာ ည ၈ နာရီလောက်မှ ပြန်ပေါ်လာတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ ကန်တော့ပွဲပေးပြီး ရှာရတာပေါ့။”
ရေထဲခုန်ချသတ်သေခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် အမျိုးသားမှာ အမှတ် ၂ ရပ်ကွက်၊ စျေးတန်းလမ်းမှာ နေထိုင်သူဖြစ်ကြောင်းနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ဘားအံဆေးရုံကြီးကို ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရပါတယ်။
ဓာတ်ပုံ - မြန်မာနိုင်ငံ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ (ဘားအံ)