အိန္ဒိယနိုင်ငံမှာ တိုက်ခိုက်ခံရပြီး ဇနီးသည် အဓမ္မပြုကျင့်ခံရတဲ့ ကမ္ဘာလှည့်ခရီးသည်စုံတွဲဟာ အာဏာပိုင်တွေဆီက လျော်ကြေးကို မတ်လ ၄ ရက်က လက်ခံရရှိခဲ့ပါတယ်။
ကမ္ဘာလှည့်ခရီးသည် နှစ်ယောက်ကို တိုက်ခိုက်ပြီး ဇနီးသည်ကို အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသား သုံးယောက်ကို ရဲတွေက ဖမ်းခဲ့ပြီး တခြားလေးယောက်ကို ရှာနေပြီလို့လည်း အာဏာပိုင်တွေနဲ့ ဓားစာခံ ဇနီးမောင်နှံက ပြောပါတယ်။
တိုက်ခိုက်သူတွေက ဖာနန်ဒါကို အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့ပြီး ဗင်းဆန့်ကို ထပ်ခါတလဲလဲ ရိုက်နှက်ခဲ့တယ်လို့ သူတို့ကိုယ်သူတို့ ဗင်းဆန့်နဲ့ ဖာနန်ဒါလို့ ပြောတဲ့ ဇနီးမောင်နှံက စပိန်ရုပ်သံ အန်တေနာသရီးနဲ့ လူတွေ့မေးမြန်းခန်းမှာ ပြောခဲ့တာပါ။
အနီးတဝိုက်မှာ ဟိုတယ် ရှာမတွေ့နိုင်လို့ တိုက်ခိုက်ခံရတဲ့ နေရာနားမှာ သူတို့ စတည်းချခဲ့တယ်လို့လည်း ဇနီးမောင်နှံက ပြောပါတယ်။
မတ်လ ၁ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီမှာ ရိုက်နှက်ခံထားရပုံပေါ်တဲ့ စပိန်နိုင်ငံသား ဇနီးမောင်နှံကို ရဲတွေက တွေ့ခဲ့တယ်လို့ အိန္ဒိယအရှေ့ပိုင်း ဒမ်ခါမြို့က ရဲမှူး ပစ်တမ်ဘာ ဆင်းဂ် ခါဝါက ပြောခဲ့ပါတယ်။
Source/Photo-Reuters