စစ်ကောင်စီတပ်ရဲ့ ဇက်သင်္ဘောတွေပေါ်ကနေ ကယ်တင်ထားတဲ့ တပ်မိသားစုနဲ့ ကလေးငယ်တွေ အပါအဝင် ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေရဲ့ပုံကို ရက္ခိုင့်တပ်တော်(အေအေ) က ထုတ်ပြန်လိုက်ပါတယ်။
ရခိုင်ဒေသတိုက်ပွဲတွေအတွင်း ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ULA/AA နဲ့ ရခိုင်ပြည်သူတွေက အခက်အခဲ အမျိုးမျိုးကြားကနေ နေထိုင်စားသောက်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားတယ်လို့လည်း ဆိုပါတယ်။
စစ်သင်္ဘောတွေပေါ် ပါလာတဲ့ ကလေးငယ်တွေ အပါအဝင် တပ်မိသားစုဝင်တွေကို အေအေက သတ်ဖြတ်လိုက်တယ်လို့ စစ်ကောင်စီလော်ဘီတွေက ပြောဆို ဝါဒဖြန့်ခဲ့တာဖြစ်ပြီး အခုတော့ အေအေဘက်က အခုလို ပုံတွေနဲ့တကွ ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။