Home
နိုင်ငံတကာ
ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် သြစတြေးလျက ရန်ပုံငွေပိုပေးထား
DVB
·
March 4, 2024
Maritime Cooperation Forum of the ASEAN-Australia Special Summit, in Melbourne

ပစိဖိတ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ပြင်းထန်တဲ့ ကာကွယ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရလို့ ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ သဘောတူညီချက်အတွက် ရန်ပုံငွေ ပိုပေးထားတယ်လို့ သြစတြေးလျအစိုးရက အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ထိပ်သီး အစည်းဝေးပွဲအတွင်း မတ် ၄ ရက်မှာ ပြောလိုက်ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေအတွက် ဦးစားပေးအစီအစဉ်တွေနဲ့အညီ ဒေသတွင်း လုံခြုံရေးနဲ့ သာယာဝပြောရေးကို အထောက်အကူဖြစ်စေမယ့် ရန်ပုံငွေအသစ် ဩစတြေးလျဒေါ်လာ သန်း ၄၀ အပါအဝင် လေးနှစ်အတွင်း ဩစတြေးလျဒေါ်လာ ၆၄ သန်း (အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၈ သန်း) ရင်းနှီးမြှုပ်နှံမယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်က ပြောပါတယ်။

တောင်တရုတ်ပင်လယ်ဟာ အလားအလာကောင်းတဲ့ အနာဂတ်ကို ထိန်းသိမ်းနိုင်လို့ မဟာဗျူဟာမြောက် အရေးကြီးတယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး အန်ရစ်ချ် မာနာလိုက ပြောပါတယ်။

ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ “ရန်လိုတဲ့ လှုပ်ရှားမှုတွေလို့ ပြောထားတဲ့ လုပ်ဆောင်ချက်တွေကို တန်ပြန်ဖို့ အရှိန်မြှင့် ကြိုးပမ်းနေပြီး တရုတ်နဲ့ အမေရိကန် ရေတပ်ဆိုင်ရာ စစ်ဆင်ရေးတွေနဲ့ ပတ်သက်လို့ တင်းမာမှုတွေအတွက် အချက်ပြစရာ ဖြစ်လာနေပါတယ်။

Source/Photo-REUTERS/Jaimi Joy

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013