Home
နိုင်ငံတကာ
သမ္မတလောင်း အကြိုရွေးကောက်ပွဲ၌ နစ်ကီဟေလီက ထရမ့်ပ်ကို ပထမဆုံးအကြိမ် အနိုင်ရ
DVB
·
March 4, 2024
Amid heckles and cheers, Haley urges Vermont to vote for her on Super Tuesday

ဝါရှင်တန်ဒီစီမှာ သုံးရက်ကြာပြုလုပ်တဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း အကြိုရွေးကောက်ပွဲမှာ တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း နစ်ကီဟေလီက သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်ကို ပထမဆုံးအကြိမ် အနိုင်ရပါတယ်။

ရှေ့မှာလုပ်ခဲ့တဲ့ ပြည်နယ်နဲ့ ဒေသတွေ အကုန်လုံးမှာ ထရမ့်ပ်ကပဲ အနိုင်ရထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်မြို့တော်က ရီပတ်ဘလစ်ကန် အသိုင်းအဝိုင်းက ထရမ့်ပ်အပေါ် မကြိုက်တာဟာ အများသိတဲ့ကိစ္စ ဖြစ်တဲ့အတွက် ဟေလီရဲ့အောင်ပွဲဟာ ထူးဆန်းမနေခဲ့ပါဘူး။

ထရမ့်ပ်ရဲ့ မဲဆွယ်အဖွဲ့ကတော့ ဝါရှင်တန်ဒီစီမှာ ရှုံးတာဟာ ထရမ့်ပ်ရဲ့ အောင်ပွဲပဲလို့ ထုတ်ပြန်ပါတယ်။

ဒီစီက ရလဒ်ဟာ ဒီနွံတောကြီးကို ခြောက်ခန်းစေပြီး အမေရိက ပထမဖြစ်အောင် လုပ်မယ်ဆိုတဲ့ ထရမ့်ပ်ရဲ့ ရည်ရွယ်ချက်ကို ပိုခိုင်မာအောင် လုပ်လိုက်တာဖြစ်တယ်လို့ ထရမ့်ပ်မဲဆွယ်အဖွဲ့က ထုတ်ပြန်ပါတယ်။

ရီပတ်ဘလစ်ကန်လို့ မှတ်ပုံတင်ထားသူ ၂၂,၀၀၀ ကျော်ပဲရှိတဲ့ ဝါရှင်တန်ဒီစီဟာ မူလကတည်းက ရီပတ်ဘလစ်ကန်တွေအတွက် အောင်မြေမဟုတ်ခဲ့ပါဘူး။

၂၀၂၀ ရွေးကောက်ပွဲတုန်းကလည်း ဒီစီမှာ မဲပေးသူ ၉၂ ရာခိုင်နှုန်းက ဒီမိုကရက်ဘက်က ဘိုင်ဒင်ကို မဲပေးခဲ့ကြတာပါ။

ရီပတ်ဘလစ်ကန်တွေ ဒီစီမှာ မဲအများဆုံးရခဲ့တာ ၁၉၇၂ ခုနှစ်ကဖြစ်ပြီး ရစ်ချတ်နစ်ဆင်ဟာ တနိုင်ငံလုံးမှာ အပြတ်အသတ်နိုင်ခဲ့ချိန်က ဒီစီမှာ မဲ ၂၁ ရာခိုင်နှုန်း ရခဲ့တာဟာ အများဆုံး ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013