Home
နိုင်ငံတကာ
မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ၏သားများကို အဂတိကော်မရှင် စစ်ဆေး
DVB
·
March 4, 2024
former Malaysia PM Mahathir_04032024

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုမက်ရဲ့ သားနှစ်ယောက်နဲ့ သူ့လက်ထက်က ဘဏ္ဍာရေးဝန်ကြီး ဒါအင်းမ်ဇန်နူဒင်တို့ အပါအဝင် ထင်ရှားကျော်ကြားသူတချို့ကို အဂတိကော်မရှင်က စစ်ဆေးနေတယ်လို့ CNA စင်ကာပူ သတင်းဌာနက ဖော်ပြပါတယ်။

၁၉၉၇ ခုနှစ် စီးပွားရေးအကျပ်အတည်းကာလတုန်းက မဟာသီယာနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အစိုးရက အငြင်းပွားစရာ ဘဏ္ဍာရေးကယ်ဆယ်မှုတွေ ပေးအပ်ကူညီခဲ့တာနဲ့ ပတ်သက်လို့ စစ်ဆေးနေတာ ဖြစ်ပါတယ်။ 

မဟာသီယာရဲ့ သားကြီး မီရ်ဇန်မဟာသီယာရဲ့ ထိန်းချုပ်မှုအောက်မှာရှိခဲ့တဲ့ ကြွေးပိနေတဲ့ သင်္ဘောကုန်စည်ပို့ဆောင်ရေး ပိုင်ဆိုင်မှုတွေကို နိုင်ငံပိုင် ပက်ထရိုနက်စ် ကုမ္ပဏီက မလေးရင်းဂစ် ၈၃၆ သန်း (အမေရိကန်ဒေါ်လာ ၁၇၆ သန်း) အကုန်အကျခံ လက်လွှဲယူခဲ့တဲ့ ကိစ္စက ထိပ်ဆုံးက ပါဝင်နေပါတယ်။

ပက်ထရိုနက်စ်ဟာ ဝန်ကြီးချုပ်ကို တိုက်ရိုက်သတင်းပို့ရတဲ့ နိုင်ငံပိုင်ကုမ္ပဏီဖြစ်ပြီး ရင်းနှီးမြှုပ်နှံတာတွေကို ဝန်ကြီးချုပ်နဲ့ ဘုတ်အဖွဲ့က အတည်ပြုပေးရပါတယ်။

ဒါကြောင့် မဟာသီယာက ဝန်ကြီးချုပ်ဖြစ်နေချိန်မှာ သူ့သားကုမ္ပဏီကို နိုင်ငံပိုင်ငွေနဲ့ ကူညီတဲ့သဘော သက်ရောက်နေတာပါ။

ကုမ္ပဏီ ၃၈ ခု၊ အိမ်ခြံမြေ ၂၈ ခု၊ ဇိမ်ခံကားတွေ ပါဝင်တဲ့ ပိုင်ဆိုင်မှုတွေကို ကြေညာဖို့ ပျက်ကွက်မှုနဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ဒါအင်းမ်ဇန်နူဒင်နဲ့ ဇနီးသည်ကို တရားရုံးက စွဲချက်တင်ထားပါတယ်။

အဲဒီနောက်မှာ မဟာသီယာရဲ့ သားကြီး မီရ်ဇန် သာမကဘဲ သားငယ် စီးပွားရေးလုပ်ငန်းရှင် မွတ်ခ်ဇနီ မဟာသီယာကိုပါ ပိုင်ဆိုင်မှုတွေကြေညာဖို့ အဂတိကော်မရှင်က တောင်းဆိုထားပြီး အချိန်မီ မကြေညာနိုင်တာကြောင့် ဒီလကုန်အထိ ရက်ရွှေ့ပေးထားပါတယ်။

မဟာသီယာကတော့ တကယ်တမ်း တာဝန်ရှိတဲ့သူတွေကို စုံစမ်းစစ်ဆေးတာမလုပ်ဘဲ သူ့သားတွေကိုပဲ ပစ်မှတ်ထားပြီး စွပ်စွဲနေတယ်လို့ တုံ့ပြန်ထားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024